မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား(၁၆ဝ) ကျော်ကို ကယ်ဆယ်ရန် ထိုင်းအစိုးရစီစဉ်နေ
Pika (NSS) - နိုဝင်ဘာ ၃
တရုတ်-မြန်မာနယ်စပ်တွင် မြန်မာစစ်တပ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ် ပွားမှု ပိုမိုအရှိန်မြင့်လာမှုနှင့်အတူ မြန်မာနိုင်ငံအတွင်း ပိတ်မိနေသော ထိုင်းနိုင်ငံသား(၁၆၂) ဦးကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြောင်း ထိုင်းအစိုးရကပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမက်လက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာလ(၇)ရက် တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံသားအနည်းဆုံး(၃၀)ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းအစိုးရသည် တိုက်ပွဲများဖြစ်ပွားနေသော အိမ်နီးချင်းမြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို ကယ်ဆယ်ရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်းမှစတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
ထိုင်းနိုင်ငံသားများကို ဘေးကင်းစွာကယ်ထုတ်နိုင်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် မြန်မာနိုင်ငံရှိ ထိုင်းသံရုံးကို ထိုင်းဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်က ပြောကြားခဲ့ကြောင်းလည်း သိရသည်။ မြန်မာစစ်တပ်နှင့် လက်နက် ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် ထိုင်းနိုင်ငံသားများနှင့် အခြားနိုင်ငံသားများ ပိတ်မိနေခြင်းဖြစ်ကြောင်း ဆာရက်တာသာဗီဆင်က ပြောကြားခဲ့သည်။
ဆာရက်တာသာဗီဆင်က "လက်ရှိအချိန်မှာ ထိုင်းသံရုံးဟာ ထိုင်းနိုင်ငံသားတွေအားလုံး နေရပ်ကို ဘေးကင်းစွာပြန်လာနိုင်ဖို့အတွက် နည်းလမ်းတွေကို ဆွေးနွေးနေပါတယ်။"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ပွဲတွင် သားဖြစ်သူပါသည်ဟုကြားသိ၍ လိုက်သွားရာမှ သားအဖ(၂)ဦးစလုံး ဓားခုတ်ခံရမှု မြစ်ကြီးနားမြို့၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ