ရန်ပွဲတွင် သားဖြစ်သူပါသည်ဟုကြားသိ၍ လိုက်သွားရာမှ သားအဖ(၂)ဦးစလုံး ဓားခုတ်ခံရမှု မြစ်ကြီးနားမြို့၌ဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရန်ပွဲတွင် သားဖြစ်သူပါသည်ဟု ကြားသိ၍ လိုက်သွားရာမှ သားအဖ (၂)ဦးစလုံး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂ ရက်)၊ ည (၈)နာရီခွဲဝန်းကျင်အချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဂျပန်လမ်းထိပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)ထံမှ သိရသည်။
“ရန်ဖြစ်နေတဲ့ထဲမှာ သားဖြစ်သူပါတယ်ဆိုတာ သတင်းကြားလို့ ဖခင်ဖြစ်သူက အိမ်ကနေ ရန်ဖြစ်တဲ့နေရာကို လိုက်သွားတာ သားရော၊ ဖခင်ရော အခုတ်ခံရတယ်ကြားတာပဲ။ ဘာကြောင့် ရန်ဖြစ်ကြတယ်ဆိုတာတော့ မသိလိုက်ရဘူး။ ဖခင်ဖြစ်သူက ဦးခေါင်း၊ လည်ပင်း၊ လက်တို့ ခြေထောက်တို့ ပြတ်ရှဒဏ်ရာရသွားတယ်။ သားကို အခြားအသင်းက ခေါ်သွားတော့ သူနဲ့ပတ်သတ်ပြီး မသိလိုက်ရဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖခင်ဖြစ်သူသည် ဦးအေးဆွေ (၄၅)နှစ်ဖြစ်ပြီး မြစ်ကြီးနားမြို့၊ ရာဒါကောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်းသိရသည်။
ဓားခုတ်ခံရသည့် သားအဖနှစ်ဦးကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ကျောင်းများစတင်ပိတ်ထားရဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း