ဥရောပတိုက်အနောက်ပိုင်းသို့ မုန်တိုင်း Ciaran ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူအများအပြား ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းခဲ့ရဟုဆို
Pika (NSS) - နိုဝင်ဘာ ၃
ဥရောပတိုက်အနောက်ပိုင်းသို့ နိုဝင်ဘာလ(၂)ရက်တွင် မုန်တိုင်း Ciaran ဝင်ရောက်တိုက်ခတ်ပြီးနောက် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး ကျောင်းများ၊ လေဆိပ်များ နှင့် ရထားဝန်ဆောင်မှုများကို ပိတ်ပစ်ခဲ့ရကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင် ထရပ်ကားပေါ်သို့ သစ်ပင်တစ်လဲကျခဲ့ပြီး ထရပ်ကားယာဉ်မောင်း သေဆုံးခဲ့ကာ Le Havre မြို့တွင် အခြားလူတစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ စပိန်နိုင်ငံ Madrid မြို့တွင် သစ်ပင်များလဲကျမှုနှင့်အတူ အမျိုးသမီးတစ်ဦးသေဆုံးကာ နယ်သာလန်နိုင်ငံတောင်ပိုင်းတွင် အခြားလူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအရေးပေါ်ဝန်ဆောင်မှုဌာနများ နှင့် ရဲတပ်ဖွဲ့တို့က ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံ Ghent မြို့တွင် အလည်ခရီးထွက်လာသော အသက်(၅)နှစ်အရွယ် ကလေးနှင့် အသက်(၆၄)နှစ်အရွယ် ဂျာမနီအမျိုးသမီးတို့သည် သစ်ကိုင်းများကျိုးကျမှုနှင့်အတူ နှစ်ဦးလုံးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေရုံးကပြောကြားခဲ့သည်။ ပြင်သစ်တွင် အိမ်ထောင်စု(၁ ဒသမ ၂)သန်းခန့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။
မုန်တိုင်း Ciaran သည် တစ်နာရီလျှင်(၂၀၇)ကီလိုမီတာနှုန်းဖြင့် တိုက်နေခြင်းကြောင့် ပြည်သူများကို နေအိမ်ထဲတွင်သာနေထိုင်ကြရန် ပြင်သစ်နိုင်ငံ Finistere နှင့် Brittany တို့မှ အာဏာပိုင်များက တိုက်တွန်းခဲ့ကြောင်းသိရသည်။ မုန်တိုင်း Ciaran ကြောင့် ကမ်းလွန်ပင်လယ်ပြင်တွင် မီတာ(၂၀)ခန့်ရှိသော လှိုင်းလုံးများဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
မုန်တိုင်း Ciaran တိုက်ခတ်မှုကြောင့် မီးသတ်သမား(၇)ဦးအပါအဝင် အခြားလူ(၁၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin ကပြောကြားခဲ့သည်။ အလားတူ ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ Roubaix မြို့တွင် အခြားလူတစ်ဦး ပြင်းပြင်း ထန်ထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ပြင်သစ်နိုင်ငံ Finistere ဒေသ Brest မြို့တွင် လူပေါင်း(၁၃၀၀)ခန့်ကို အမိုးအကာများအောက်သို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း Gerald Darmanin က အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းတိုင်း ကောလင်းမြို့ နှင့် ကလေးမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ