ယူကရိန်းအား ကူညီထောက်ပံပေးနေခြင်းကို အမေရိကန်ပြည်သူအများစုလိုလားမှုမရှိဟု စစ်တမ်းတစ်ခုတွင်ဖော်ပြ
Pika (NSS) - နိုဝင်ဘာ ၃
ယူကရိန်းသို့ အကူအညီများပေးပို့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန် လူထုထောက်ခံမှုမှာ ဆက်လက်ကျဆင်းနေကြောင်း Gallup စစ်တမ်းအသစ်အရ သိရသည်။
ထို့ပြင် အမေရိကန်နိုင်ငံသား အများစုသည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာပေးပို့နေသော အမေရိကန်၏လုပ်ရပ်ကို ငြီးငွေ့နေပြီဖြစ်ကြောင်းသိရသည်။ နိုဝင် ဘာလ(၂)ရက်က ထုတ်ပြန်ခဲ့သော စစ်တမ်းအရ ဖြေဆိုသူ(၄၁)ရာခိုင်နှုန်းက အမေရိကန်အစိုးရသည် ယူကရိန်းကို အကူအညီပေးရန်အတွက် အလွန်အကျွံလုပ်ဆောင်နေကြောင်း ယုံကြည်သည်ဟု ဖြေဆိုခဲ့ကြသည်။ အဆိုပါအချက်သည် ပြီးခဲ့သည့်ဇွန်လကပြုလုပ်ခဲ့သော စစ်တမ်းထက်(၁၂)မှတ်ပိုတိုးလာကြောင်းလည်း သိရသည်။ အမေရိကန်အစိုးရသည် မှန် ကန်သော လုပ်ရပ်ကို လုပ်ဆောင်နေသည်ဟု ယုံကြည်သူအရေအတွက်မှာ ပြီးခဲ့သည့်ဇွန်လတွင်(၄၃)ရာခိုင်နှုန်းရှိသော်လည်း ယခုစစ်တမ်းတွင် (၃၃)ရာခိုင်နှုန်းသာကျန်ရှိတော့ကြောင်းသိရသည်။
ဖြေဆိုသူများ၏ လေးပုံတစ်ပုံကသာ ယူကရိန်းအတွက် အမေရိကန်၏လက်ရှိအကူအညီများမှာ မလုံလောက်ကြောင်းဖြေဆိုခဲ့ကြသည်။ ယူကရိန်းတောင်းဆိုနေသမျှအရာအားလုံးကို အမေရိကန်ထောက်ပံ့ပေးသင့်သလား ဒါမှမဟုတ် အချိန်ကန့်သတ်သင့်လား မေးခဲ့သည့်အချိန်တွင် ဖြေဆိုသူ(၆၁)ရာခိုင်နှုန်းက ယူကရိန်းအတွက် အမေရိကန်၏အကူအညီများကို ကန့်သတ်သင့်သည်ဟု ယုံကြည်ကြောင်းဖြေဆိုခဲ့ကြသည်။ ပြီးခဲ့သည့်လတွင် Reuters-Ipsos က ပြုလုပ်သောစစ်တမ်းတွင် ယူကရိန်းသို့ အမေရိကန်၏ နောက်ထပ်စစ်ရေးအကူအညီ ပံ့ပိုးပေးမှုများကို ဆန့်ကျင်သည့် အမေရိကန်နိုင်ငံသားများ တိုးလာနေကြောင်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးအခြေအနေကြောင့် ရပ်နားခဲ့ရသည့် မိုးကောင်း-မြစ်ကြီးနား ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ