နိုင်ငံရေးအခြေအနေကြောင့် ရပ်နားခဲ့ရသည့် မိုးကောင်း-မြစ်ကြီးနား ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲ
စော (NSS) - နိုဝင်ဘာ ၃
နိုင်ငံရေးအခြေအနေကြောင့် ရပ်နားခဲ့ရသည့် မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါရထားခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်မှစတင်၍ နိုင်ငံရေးအခြေအနေကြောင့် ရပ်နားထားခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ် (နိုဝင်ဘာလ ၁ ရက်)တွင် ပြန် လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြန်လည်ပြေးဆွဲတော့ ဒေသခံတွေခရီးသွားလာရတာ အဆင်ပြေမှာပေါ့။ ကားလမ်းမပေါက်တဲ့ ဒေသတွေကြတော့ ရထားလေး နဲ့ မြစ်ကြီးနားကို သွားလို့လာလို့အဆင်ပြေတာပေါ့။ ရထားကို စီးနင်းတဲ့အများစုကတော့ ဒေသခံတွေပဲစီးနင်းတာပေါ့”ဟု မြစ်ကြီးနားဘူတာမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ခရီးစဉ်တွင် လိုက်ပါစီးနင်းကြမည့် ခရီသည်များအတွက် စတင်ဖွင့်လှစ်သည့်နေ့မှ တစ်ပတ်အထိကို အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်လမ်းပိုင်းသည် (၃၆ ဒသမ ၇၅)မိုင်ရှိပြီး ၎င်းခရီးစဉ်အတွင်း ဘူတာ (၇)ခုနှင့် ရပ်နားစခန်း (၁)ခုပါဝင်ကြောင်း သိရသည်။
ရထားခရီးစဉ်ကို မိုးကောင်းဘူတာမှ နေ့စဉ် နံနက် (၇)နာရီမှ ထွက်ခွာပြီး မြစ်ကြီးနားဘူတာသို့ နံနက် (၉)နာရီခွဲအချိန်တွင် ဆိုက်ရောက်ကာ မြစ်ကြီးနားဘူတာမှ မွန်းလွဲ(၂)နာရီအချိန်တွင် ပြန်လည်ထွက်ခွာ၍ မိုးကောင်းဘူတာသို့ ညနေ (၄)နာရီခွဲအချိန်တွင် ပြန်လည်ဆိုက် ရောက်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းခြံမြို့နယ်ရှိ MYTEL ဆက်သွယ်ရေးတာဝါတိုင်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း