မြင်းခြံမြို့နယ်ရှိ MYTEL ဆက်သွယ်ရေးတာဝါတိုင်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - နိုဝင်ဘာ ၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ MYTEL ဆက်သွယ်ရေးတာဝါတိုင်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်၊ နံနက် ၆ နာရီအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်နီကျေးရွာအနီး ဆီမီးခုံ-နဘူးအိုင် သွားလမ်းဘေး၌ စိုက်ထူထားသည့် MYTEL တာဝါတိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားရောက်စစ်ဆေးချက်အရ အဆိုပါ MYTEL ဆက်သွယ်ရေးတာဝါတိုင်အား PDF အဖွဲ့က ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မီးလောင်မှုဖြစ်ပွားခဲ့ရာ တာဝါတိုင်ရှိ Power Generator 13 KV မီးစက်တစ်လုံး၊ 48 Battery (၁၀)လုံး၊ 13 KV မီးစက်ဆီပန့်တစ်ခု၊ Battery Cabinet Aircon တစ်လုံး၊ တာဝါတိုင် နှင့် ဝါယာကြိုးများမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ဆက်သွယ်ရေးတာဝါတိုင်အား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မဲမြို့နယ်၌ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောင်ပိန်ရှိနေရာ (၂)ခုတွင် တိုက်ပွဲရှောင်ပြည်သူ (၄၀၀)ကျော်ခိုလှုံနေရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း