ယူကရိန်းနိုင်ငံ၏ အဓိကပြဿနာသည် အကျင့်ပျက်ခြစားမှုဖြစ်ကြောင်း ယူကရိန်းနိုင်ငံသားထက်ဝက်ကျော်ယုံကြည်နေ
Pika (NSS) - နိုဝင်ဘာ ၃
ယူကရိန်းနိုင်ငံ၏ အကြီးမားဆုံးပြဿနာသည် အကျင့်ပျက်ခြစားမှုဖြစ်သည်ဟု ယူကရိန်းနိုင်ငံသားထက်ဝက်ကျော်က ယုံကြည်နေကြောင်း မကြာသေးမီကပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရသိရသည်။
Kiev International Institute of Sociology (KMIC) မှ သုတေသီများသည် ရုရှားပဋိပက္ခအပြင် အခြားစိုးရိမ်စရာအချက်သုံးချက်ကိုပြောရန် လူများကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နိုဝင်ဘာလ(၁)ရက်က ပြုလုပ်ခဲ့သော စစ်တမ်းအရ ဖြေဆိုသူများ၏ (၆၃) ရာခိုင် နှုန်းက အကျင့်ပျက်ခြစားမှုမှာ ယူကရိန်းရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာဖြစ် ကြောင်း ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူ(၄၆)ရာခိုင်နှုန်းက လစာနည်းပါးမှုနှင့် ပင်စင်လစာတို့ကို ဖြေဆိုခဲ့ကြကြောင်းသိရသည်။ စစ်တမ်းကိုဖြေဆိုခဲ့သူ(၂၀၀၇)ဦးမှ (၂၀)ရာခိုင်နှုန်းနှင့် (၂၄)ရာခိုင်နှုန်းကြားက မြင့်မားသော အသုံးစရိတ်များ၊ နိုင်ငံရပ်ခြားမှ ပြန်မလာသော ယူကရိန်းဒုက္ခသည်များကြောင့် ဖြစ်ပေါ်လာနိုင်သော လူဦးရေစာရင်းဆိုင်ရာ ပြဿနာများနှင့် အလုပ်လက်မဲ့များ များပြားလာခြင်းတို့ကို ဖြေဆိုခဲ့ကြကြောင်းသိရသည်။
KIIS အကြီးအကဲ Anton Grushetsky က "ကျွန်တော်တို့ ထောက်ပြခဲ့သလိုပါပဲ အကျင့်ပျက်ခြစားမှုဟာ ယူကရိန်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတဲ့အချက်ဟာ ကျန်ရှိနေတုန်းပါပဲ။ ပင်စင်တွေ၊ လစာတွေ၊ အလုပ်လက်မဲ့ကိစ္စတွေ၊ အခွန်အခတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေဟာ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေထက်တော့ ပိုနည်းပါတယ်"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းတွင်ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါအကျင့်ပျက်ခြစားမှုများကြောင့် ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ ထောက်ပံ့ပေးမှုများလည်း လျော့နည်းသွားနိုင်ကြောင်း သတင်းများလည်းထွက်ပေါ်ခဲ့သည်။ ယူကရိန်းအနေဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မနှောင့်နှေးသင့်ကြောင်း အမေရိကန်အစိုးရကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော်ကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားလိုကြောင်း ကာကွယ်ရေးဝန်ကြီးဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ