နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ငွေကျပ်သိန်းပေါင်း (၄)သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခံရ
ကျော် (NSS) - နိုဝင်ဘာ ၃
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ငွေကျပ်သိန်းပေါင်း (၄)သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အလှူရှင်များက နိုဝင်ဘာလ ၂ ရက်တွင် သက်ဆိုင်ရာတိုင်းဒေ သကြီးအသီးသီး၌ ဂုဏ်ပြုပေးအပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာ၌ နေပြည်တော်ရှိ တိုင်းစစ်ဌာနချုပ်၏ အောင်ငြိမ်းအေးခန်းမတွင် အလှူရှင် ၃၅ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၁၉၈၄ သိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးမှ အလှူရှင်၊ စေတနာရှင် ၉၉ ဦးကလည်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၁၂၇၃ သိန်းကျော် ဂုဏ်ပြုပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးမှ အလှူရှင် ၂၇ ဦးက အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၈၁ သိန်း၊ မန္တလေးတိုင်းဒေသကြီးမှ အလှူရှင် ၁၃၆ ဦးကလည်း ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးရုံး မြို့တော်ခန်းမ၌ ဂုဏ်ပြုချီး မြှင့်ငွေကျပ် ၆၁၀၀ သိန်းတို့ကို ဂုဏ်ပြုပေးအပ်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးရှိ အလှူရှင် ၁၃ ဦးကလည်း မကွေးမြို့ရှိ မြို့တော်ခန်းမ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀၀၀ တို့ကို အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလှူရှင်များ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်မှုကို သက်ဆိုင် ရာ တိုင်းဒေသကြီးအသီးသီးမှ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများ၊ တာဝန်ရှိသူများက လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဂျပန်တံတားပေါ်၌ YBS နှင့် စက်ဘီးတိုက်မိခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ