မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဂျပန်တံတားပေါ်၌ YBS နှင့် စက်ဘီးတိုက်မိခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး
စော (NSS) - နိုဝင်ဘာ ၃
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဂျပန်တံတားပေါ်၌ YBS (9) နှင့် စက်ဘီးတိုက်မိခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂ ရက်)၊ ညနေ (၄)နာရီခွဲအချိန်တွင် ဂျပန်တံတားပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဂျပန်တံတားပေါ်တွင် လိုင်းကားမှ စက်ဘီးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး စက်ဘီးမောင်းနှင်လာသူ အမျိုးသားသည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားကြောင်း သိရသည်။
“ကျွန်တော်တို့ကို အကြောင်းကြားတဲ့အချိန်က အရမ်းနောက်ကျတယ်။ အဲဒီအချိန်က မိုးအရမ်းရွာနေတဲ့အချိန်ပါ။ ဘာလိုဖြစ်ပြီး တိုက်မိတာလည်းတော့ မသိဘူး။ စက်ဘီးသမားက အဲဒီမှာပွဲချင်းပြီးဆုံးတာပါ”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက် (၂၅)နှစ်အရွယ်ဝန်းကျင်ရှိ ကိုသန့်ဇင်ထွေးဖြစ်ပြီး FC Express တွင် စက်ဘီးဖြင့် ပစ္စည်းပို့ဆောင်သော အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
YBS (9) ခရီးသည်တင်ကား မောင်းနှင်သူသည် ကားအားထားခဲ့ပြီး ထွက်ပြေးသွားကြောင်း အထက်ပါအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ကျိုက်ထိုမြို့နယ် နှင့် အုတ်တွင်းမြို့နယ်တို့၌ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း