အောက်တိုဘာလအတွင်းက ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား ၃၃၂ ဦးသာစေလွှတ်နိုင်ခဲ့
ကျော် (NSS) - နိုဝင်ဘာ ၂
ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားအများအပြားအား လစဥ်စေလွှတ်လျက်ရှိရာ အောက်လတိုဘာလအတွင်းက အလုပ်သမား ၃၃၂ ဦးကိုသာ စေလွှတ်နိုင်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။
မြန်မာအလုပ်သမားများအား ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီများမှတဆင့် EPS စနစ်ဖြင့် တရားဝင်စေလွှတ်လျက်ရှိခြင်းဖြစ်သည်။
ထိုသို့ စေလွှတ်ရာ၌ အောက်တိုဘာလ ၃၁ ရက်တွင် ကုန်ထုတ်လုပ်သားသစ်(၄၄)ဦးနှင့် Re-entry လုပ်သား(၁၀၄)ဦး၊ အောက်တိုဘာလ ၂၄ ရက်တွင် ကုန်ထုတ်လုပ်သားသစ်(၁၆၃)ဦးနှင့်စိုက်ပျိုးရေးလုပ်သားသစ်(၂၁)ဦး (စုစုပေါင်း အလုပ်သမား ၃၃၂ ဦး)ကိုသာ စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်(၁၉)ရောဂါကြောင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်အလုပ်သမားစေလွှတ်မှုများရပ်နားထားခဲ့ရာမှ ယခုပြန်လည်စေလွှတ်ခဲ့သည့်အချိန်တွင် လစဥ် အလုပ်သမားအများအပြားကို စေလွှတ်ခဲ့သော်လည်း အောက်တိုဘာလအတွင်းက စေလွှတ်ခဲ့သည့် အလုပ်သမားဦးရေသည် ယခင်လများထက်များစွာလျော့နည်းခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်အလုပ်သမားစေလွှတ်ရာ၌ ပြီးခဲ့သည့် စက်တင်ဘာလတွင် ၇၃၃ ဦး၊ ဩဂုတ်လတွင် ၁ဝ၁၄ ဦး၊ ဇူလိုင်လတွင် ၁ဝ၄၉ ဦး ရှိခဲ့ကြောင်း သံရုံး၏ စာရင်း အချက်အလက်များအရသိရသည်။
ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်သို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ယခင်အတိုင်းကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာမိတ်(၃)ဖွဲ့က အသုံးပြုသော ဒရော့ဗုံးများထဲ၌ တရုတ်နိုင်ငံထုတ် စာသားများတွေ့ရှိရပြီး ၎င်းမှာ နှစ်နိုင်ငံကြား အထင်လွဲမှားရန် လုပ်ဆောင်ခြင်းဖြစ်ဟု နစကဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ