ရှမ်းပြည်နယ်၌ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ကြောင်း UWSA နှင့် NDAA တို့ အသိပေး
မြူနစ် (NSS) - နိုဝင်ဘာ ၂
ရှမ်းပြည်နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မည်သည့်ဘက်ကမျှ ပါဝင်သွားမည်မဟုတ်ကြောင်း UWSA နှင့် NDAA တို့က ထုတ်ဖော်အသိပေးထားသည်။
ယမန်နေ့(နိုဝင်ဘာလ ၁ ရက်)တွင် “ဝ”လက်နက်ကိုင်အဖွဲ့ UWSA နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့ NDAA တို့က အထက်ပါကဲ့သို့ ထည့်သွင်းကာ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ ၎င်းတို့ထိန်းချုပ်ရာဒေသအတွင်းသို့ လေကြောင်း၊ ကြည်းကြောင်းမှ နယ်မြေကျူးကျော်လာသည့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုမှန်သမျှကို ပြန်လည်တိုက်ထုတ်သွားမည်ဟု UWSA က သတိပေးထားသည်။
ထို့ပြင် ၎င်းတိုက်ပွဲများနှင့်ပတ်သက်၍ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး မည်သည့်ဘက်ကမျှ ပါဝင်သွားမည်မဟုတ်ကြောင်းလည်း UWSA က ထုတ်ဖော်အသိပေးထားသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသည့် အင်အားစုအသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြရန်လည်း “ဝ” အဖွဲ့က တိုက်တွန်းထားသည်။
“ဝ”ဒေသအတွင်းသို့ စစ်ဘေးရှောင်ရန် ဝင်ရောက်လာသည့် ပြည်သူများကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ အခမဲ့ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်သွားမည်ဟု UWSA က ပြောသည်။
အလားတူ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက် ၍လည်း မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA က ဝင်ရောက်ပါဝင်ခြင်း၊ စွက်ဖက်ခြင်းတို့ကို ပြုလုပ်သွားမည်မဟုတ်ကြောင်းလည်း ထုတ်ဖော်အသိပေးထားသည်။
ထို့ပြင် NDAA အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း ကျင့်သုံးသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသရှိ လုံခြုံရေးစခန်းများကို လွန်ခဲ့သော အောက်တိုဘာ လ ၂၇ ရက်မှစတင်ကာ MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။
အဆိုပါတိုက်ပွဲများအတွင်း တပ်မတော်၏ လုံခြုံရေးစခန်းများသည် မဟာမိတ်(၃)ဖွဲ့၏ သိမ်းပိုက်ခြင်းကို ခံရမှုများရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းများစွာသည်လည်း သိမ်းပိုက်ခံခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမူးယစ်ဆေးဝါးဂိုဏ်းများထံ ပို့ဆောင်မည့် ငွေကျပ် (၁၀၄) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မြန်မာ့ရေပိုင်နက်၌ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ