မလေးရှားမူးယစ်ဆေးဝါးဂိုဏ်းများထံ ပို့ဆောင်မည့် ငွေကျပ် (၁၀၄) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မြန်မာ့ရေပိုင်နက်၌ ဖမ်းဆီးရမိ
စော (NSS) - နိုဝင်ဘာ ၂
မလေးရှားမူးယစ်ဆေးဝါးဂိုဏ်းများထံပို့ဆောင်မည့် ငွေကျပ် (၁၀၄)ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မြန်မာ့ရေပိုင်နက်၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့(နိုဝင်ဘာလ ၁ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများသည် ပြီးခဲ့သည့် (အောက်တိုဘာလ ၃၀ ရက်)တွင် မူးယစ်ဆေးဝါးများအား ပင်လယ်ရေကြောင်းကိုအသုံးပြုကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ် ကြောင်း သတင်းရရှိခဲ့သဖြင့် မြန်မာ့တပ်မတော်(ရေ)မှ ကော့သောင်းမြို့၏ အနောက် တောင်ဘက် ရေမိုင် (၁၅၇)မိုင်ခန့်အကွာ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ မလေးရှားနိုင်ငံဘက်သို့ ဦးတည်မောင်းနှင်လာသည့် စက်လှေတစ်စင်းပေါ်တွင် လိုက်ပါလာသော မင်းမင်းစိုး၊ သူရဦး (၁)၊ အောင်မင်းသူ၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦးနှင့် သူရဦး (၂) စုစုပေါင်း (၇)ဦးကို GUANYINWANG စာတန်းပါ အထုတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အထုတ်များအတွင်းမှ ငွေကျပ် (၁၀၄)ဘီလျံတန်ဖိုးရှိ ICE (၂၆၀၀)ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ညီညီဆိုသူသည် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများနှင့်ချိတ်ဆက်ကာ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြု၍ မူးယစ်ဆေးဝါးများ ပို့ဆောင်နေခြင်းဖြစ်ပြီး ၎င်းမူးယစ်ဆေးဝါးများကို ညီညီဆိုသူ ချိတ်ဆက်ပေးမည့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဝယ်ယူသူထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ညီညီအပါအဝင် ဆက်စပ်ကျူးလွန်သူများကို ဖမ်းဆီးရမိရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်းနီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကိုလည်း ဆောင်ရွက်ခြင်းများကြောင့် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများသည် ပင်လယ်ရေကြောင်း၏ အားသာချက်ကို အသုံးပြုကာ ရေကြောင်းကို ပြောင်းလဲအသုံးပြုလာကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို အစားစာနဲ့ ရေနံမတင်ပို့ဖို့ မွတ်စလင်နိုင်ငံတွေကို အီရန်ဘာသာရေးခေါင်းဆောင် တိုက်တွန်းတောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း