အစ္စရေးနိုင်ငံကို အစားစာနဲ့ ရေနံမတင်ပို့ဖို့ မွတ်စလင်နိုင်ငံတွေကို အီရန်ဘာသာရေးခေါင်းဆောင် တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂
အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီဟာ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်အောင် အစ္စရေးနိုင်ငံအပေါ် ရေနံ နဲ့ အစားအစာတင်ပို့မှုတွေ ရပ်ဆိုင်းဖို့ မွတ်စလင်နိုင်ငံတွေကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အယာတိုလာခါမေနီက "အစ္စရေးနိုင်ငံရဲ့ဂါဇာဒေသအပေါ်ပြုလုပ်နေတဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ရပ်တန့်ဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေသလဲ။ မွတ်စလင်နိုင်ငံတွေဟာ အစ္စရေးနိုင်ငံကို ရေနံ နဲ့ အစားစာတင်ပို့မှုတွေ တားဆီး ပိတ်ပင်ထားသင့်တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မွတ်စလင်နိုင်ငံတွေမှာသာမက အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေမျာလည်း တောင်းဆိုဆန္ဒနေကြောင်း အယာတိုလာခါမေနီက ပြောပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း မွတ်စလင်နိုင်ငံတွေအနေနဲ့ အစ္စရေးနိုင်ငံကို ရေနံ ပေးပို့မှုတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုချမှတ်သင့်ကြောင်း အောက်တိုဘာလအလယ်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။ လစ်ဗျား အောက်လွှတ်တော် ကိုယ်စားလှယ်များက အစ္စရေးဟာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်မှုမရှိဘူးဆိုရင် အစ္စရေးနိုင်ငံအပေါ် ရေနံ နဲ့ ဓါတ်ငွေ့ပေးပို့မှုတွေကို ရပ်တန့်သွားဖို့ လစ်ဗျားအစိုးရကို တောင်းဆိုသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အခြားနိုင်ငံအဖွဲ့အစည်းတွေ ပါဝင်လာမယ်ဆိုရင် နိုင်ငံတကာရေနံဈေးကွက်ကို အရှေ့အလယ်ပိုင်းဒေသက ရေနံတင်ပို့မှုတွေ ဆိုင်းငံ့သွားရမယ်လို့ အီရတ်အစိုးရက ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံတွေဟာ ဂါဇာဒေသကိုတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ကို အဆုံးသတ်ဖို့တောင်းဆိုနေဆဲဖြစ်ပေမယ့် အစ္စရေးဘက်ကတော့ စစ်ပွဲကိုအဆုံးမသတ်ဘဲ ဆက်လက်တိုက်ခိုက် နေဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ တစ်လနီးပါးကြာနေပြီး အစ္စရေးနဲ့ ပါလက်စတိုင်းလူမျိုး စုစုပေါင်း အနည်းဆုံး ၁ သောင်းနီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အစိုးရအရာရှိတွေကို အီရန်နိုင်ငံ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေဟု အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ