အစ္စရေးနိုင်ငံရှိ ပစ်မှတ်များကို ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံရှိနေရာအများအပြားကို ဒရုန်းအများအပြားနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yahya Sareahe က "ကျွန်တော်တို့အဖွဲ့တွေဟာ ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ချိန်အထိ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ အစ္စရေးနိုင်ငံ ဘက်ခြမ်းကို ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်" လို့ ပြောပါတယ်။
ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို အစ္စရေးတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို အောက်တိုဘာ ၃၁ ရက်က ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးစစ်ဘက်ကတော့ ၎င်းတို့ပိုင်နက်အတွင်းကို ပစ်ခတ်လာတဲ့မြေပြင်က မြေပြင်ပစ်ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၉ ရက်က ပစ်ခတ်တိုက်ခိုက်မှုကို အမေရိကန်ရေတပ်က ကြားဖြတ်ဟန့်တားပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အီရန်အစိုးရ ကူညီထောက်ပံ့မှုတွေကို ရယူနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အစ္စရေးနိုင်ငံကို စကားနဲ့တိုက်ခိုက်ခြင်း၊ ဝေဖန်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ အစ္စရေးဟာ ယီမင်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့ ပင်လယ်နီဘက်ခြမ်းကို စစ်သင်္ဘောတွေစေလွှတ်ထားရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်မည့် Myanmar CDC ၌ နည်းပညာများပြန်လည်အသုံးချမည့်သင်တန်းအား တရုတ်နိုင်ငံ၌ဖွင့်လှစ်ရာ မြန်မာနိုင်ငံမှ (၃၃)ဦးတက်ရောက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ