ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေ သေဆုံးခြင်း၊ လက်နက်ချခြင်းမျိုးနဲ့သာတွေ့ကြုံရမယ်လို့ အစ္စရေးစစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂
အစ္စရေးကာကွယ်ရေးဝန်ကြီးက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ တိုက်ပွဲများအတွင်း လက်နက်ချခြင်း ဒါမှမဟုတ် သေဆုံးခြင်းမျိုးသာတွေ့ကြုံရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က "ဟားမက်စ်လက်နက်ကိုင်အဖွဲ့အတွက် တတိယရွေးချယ်စရာဆိုတာ ရှိမှမဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကလည်း ဟားမက်စ်အဖွဲ့ကို အပြီးသတ်အောင်အနိုင်ရချိန်အထိ ဆက်လက် တိုက်ခိုက်သွားဖို့ ဆန္ဒရှိနေကြောင်း ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲ ကြောင့် အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး ၈၈ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို ဝန်းရံပိတ်ဆို့ထားရာ ပါလက်စတိုင်း လူမျိုး ၂ ဒသမ ၄ သန်းအတွက် အစားအစာ၊ ရေ နဲ့ ဆေးဝါးများ ကုန်းခမ်းခါနီးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က သတိပေးထားပါတယ်။ အစ္စရေးဟာ ဂါဇာဒေသ ကို အောက်တိုဘာ ၇ ရက်နောက်ပိုင်းကတည်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက်မှာ မြေပြင် ထိုးစစ်ဆင်နွှဲမှုတွေ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဂါဇာဒေသအပေါ်ပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက တိုက် တွန်းတောင်းဆိုနေပေမယ့် အစ္စရေးဘက်ကတော့ တောင်းဆိုမှုတွေကိုပယ်ချကာ ဂါဇာဒေသကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ကိုင်လျက်ရှိနေကြောင်း သိရပါတယ်။ အစ္စရေးဟာ ဂါဇာဒေသရှိ လက်နက်ကိုင် အဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံရှိ ပစ်မှတ်များကို ဒရုန်းအများအပြားနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ