နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမှုများကို စတင်လုပ်ဆောင်
စော (NSS) - နိုဝင်ဘာ ၁
နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမှုများကို ယနေ့(နိုဝင်ဘာလ ၁ ရက်)တွင် စတင်လုပ်ဆောင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တို့၌လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ မှန်ကန်ရေးသည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွန်စွာအရေးပါသည့်အတွက် တိရစ္ဆာန်ကောင်ရေစာရင်းကို (၅) နှစ်လျှင် (၁)ကြိမ် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစီမံချက်အား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရေး ဗဟိုကော်မတီကို ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “နိုဝင်ဘာလ(၁)ရက်နေ့မှာ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စတင်ကောက်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌လည်း တိုင်း/ခရိုင်/မြိုနယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း လုပ်ငန်းကြီးကြပ်မှုကော်မတီများ ဖွဲစည်းဆောင်ရွက်ကာ နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်အတွင်း မြိုနယ်(၉)မြိုနယ်ရှိ ရပ်ကွက်/ကျေးရွာ စုစုပေါင်း(၁၁၀)ခုတွင် တိရစ္ဆာန်ကောင်ရေစာရင်းကို စာရင်းကောက်အဖွဲ့များမှ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီးရှိ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်အဆင့် တိရစ္ဆာန်အကောင်ရေး စာရင်းကောက်ယူခြင်းကို ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်း/ပြည်နယ် (၁၃)ခုရှိ မြို့နယ်ပေါင်း (၂၁၄)မြို့နယ်တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းသည် ပြည်တွင်းစားနပ်ရိက္ခာ ထုတ်လုပ်ရေးအတွက် စီးပွားဖြစ်မွေးမြူထားသော နွား၊ ဆိတ်၊ ဝက်၊ ကြက်အစရှိသည့် တိရစ္ဆာန်များ၏ အကောင်ရေ စာရင်းကိုသာ ကောက်ယူခြင်းဖြစ်ပြီး တစ်နိုင်တစ်ပိုင် မွေးမြူထားမှုနှင့် သဘာဝအလျှောက် ကျင်လည်ကျက်စားနေသော တိရစ္ဆာန်အကောင်ရေများ မပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
APEC ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် မျှော်လင့်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ