APEC ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် မျှော်လင့်နေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဆန်ဖရမ်ဆစ်စကိုမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေး (APEC) နားချိန်မျာ တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ မျှော်လင့်နေကြောင်း၊ အမေရိကန်အစိုးရက ထုတ်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ အဆိုပါထိပ်သီးအစည်းအဝေးအတွင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတရှီကျင့်ဖျင့်တို့ တွေ့ဆုံ ဆွေးနွေးမယ့်ပွဲအတွက် အစီစဉ်များဆောင်ရွက်လိုပေမယ့် တရုတ်ဘက်က တိကျတဲ့ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပါဘူး။ တရုတ်အစိုးရက အဆိုပါအစည်းအဝေးကို ရှီကျင့်ဖျင့်တက်ရောက်ခြင်း ရှိ/မရှိဆိုတာကို အတည် မပြုသေးပါဘူး။ အမေရိကန်အစိုးရအဖွဲ့ပြန်ကြားရေးဝန်ကြီး Karine Jean-Pierre က" နိုဝင်ဘာလမှာ ကျင်းပမယ့် အေပက်ထိပ်သီးအစည်းအဝေးမှာ ကျွန်မတို့သမ္မတနဲ့ တရုတ်နိုင်ငံသမ္မတတို့ တွေ့ဆုံဆွေးနွေးတာမျိုး တွေ့မြင်လိုပါ တယ်။ သမ္မတနှစ်ဦးကြား အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ လုပ်စေလိုပါတယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရ အဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ဆန်စဖန်စစ်စကိုမြို့မှာ ကျင်းပမယ့် အစည်းအဝေးအတွင်း သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးဖို့ မူအားဖြင့် သဘောတူညီထားပေမယ့် ဆွေးနွေးမယ့်အကြောင်းအရာ နဲ့ အချိန်ကို အသေးစိတ်လုပ်ဆောင်နေဆဲဖြစ်ကြောင်း မကြာသေးမီက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဘက် ကတော့ တိကျတဲ့အကြောင်းပြန်ကြားချက် မရှိသေးကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့ဟာ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းကတည်းက ဆက်သွယ်ဆွေးနွေးမှု မျိုးမရှိခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ အာရှ-ပစိဖိတ်ဒေသအပေါ် သြဇာလွှမ်းမိုးရေး၊ စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် ပြီးခဲ့တဲ့လများအတွင်း ဆက်ဆံရေးအေးစက်နေခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်က လက်ရှိအချိန်အထိ အဆင်ပြေချောမွေ့မှုမရှိသေးကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက "ဆန်ဖရန်စစ်ကို ကို သွားမယ့် ခရီးစဉ်က ချောမွေ့မှုမရှိသေးဘူး။ နှစ်နိုင်ငံစလုံးဟာ ကြားဝင်စွက်ဖက်မှုတွေမလုပ်ဖို့၊ အခက်အခဲအတားအဆီးတွေ ကိုကျော်လွှားဖို့၊ အပြန်အလှန်ဆက်ဆံရေးနဲ့ ရလဒ်ကောင်းတွေ ရအောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ ပြောပါ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဓိကရုဏ်းတွင် ပါဝင်သူများအား ခေါင်းကို သေနတ်ဖြင့်ပစ်သတ်သင့်ကြောင်း ချေချင်းညာဒေသခေါင်းဆောင် ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ