အရှေ့တောင်အာရှမှ အလုပ်သမားများအတွက် ဗီဇာနှင့် နေထိုင်ခများကို လျှော့ချခဲ့ကြောင်း ထိုင်းအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၁
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားများအတွက် ဗီဇာခ နှင့် အလုပ်လုပ်ကိုင်ခွင့်တို့အတွက် သတ်မှတ်ထားသော ငွေကြေးနှုန်းထားအသစ်များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့်အတူ ဗီဇာကြေးအတွက် ဘတ်(၂ဝဝဝ) မှ ဘတ်(၅ဝဝ)ထိ လျှော့ချပေးခဲ့ပြီး ယာယီနေထိုင်ခွင့်အတွက် လျှောက်ထားခကို ဘတ်(၁၉ဝဝ)မှ ဘတ်(၅ဝဝ) အထိ လျှော့ချခဲ့ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်သည် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၁ဝ)ရက်မှ စတင်ကာ နောက်(၄)နှစ်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်းသို့ အလုပ်သမားခေါ်ယူရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU) အရဝင်ရောက်လာသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားများအတွက် အဆိုပါသတ်မှတ်ချက်ကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်သည် လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဈေးကွက်တည်ငြိမ်မှု တို့နှင့် ဆက်စပ်သည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နိုင်ငံခြားအလုပ်သမားများကို တရားဝင် အလုပ် ခန့်အပ်ရန် နှင့် နိုင်ငံတွင်းစီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါအစီအစဉ်သည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုအားကောင်းလာစေရန်နှင့် ကိုဗစ်(၁၉)ကာလ နောက်ပိုင်း စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်အတွက် နိုင်ငံခြားအလုပ်သမားများ၏ အလုပ်အကိုင်များကို ထိန်းညှိပေးမည့် လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ နိုင်ငံခြားအလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံး၏ အချက်အလက်များအရ နိုင်ငံတွင်းတွင် နိုင်ငံခြား အလုပ်သမားပေါင်း (၂၅၉၃၄၃၉) ဦးရှိပြီး နောက်ထပ် နိုင်ငံခြားအလုပ်သမား(၁)သန်းခန့်မှာ အလုပ်လုပ်ခွင့်ရရန် ဆက်လက်လျှောက်ထားဆဲဖြစ်ကြောင်း ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ(၃)ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တတိယကမ္ဘာစစ်က စတင်နေပြီဖြစ်ကြောင်း ရုရှားထိပ်တန်းနိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတစ်ဦး သုံးသပ်ပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ