သင်္ဘောသားများ SID ကတ်လျှောက်ထားရန် အွန်လိုင်းဘိုကင်ပြုလုပ်ရမည်
စော (NSS) - နိုဝင်ဘာ ၁
သင်္ဘောသား လူဟောင်း၊ လူသစ်များ Seafarers' Identity Documents (SID) ကတ်လျှောက်ထားရန် အွန်လိုင်းဘိုကင် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်(MSF)မှ ယနေ့(နိုဝင်ဘာလ ၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ စနစ်ကို စတင်စမ်းသပ်အသုံးပြုမည်ဖြစ်သည့်အတွက် စမ်းသပ်ကာလအတွင်း နေ့စဉ်လက်ခံမည့် လူဦးရေအရေအတွက်ကို အနည်းငယ်သာ လက်ခံပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
စမ်းသပ်ကာလအတွင်း လုပ်ငန်းစဉ်ဆိုင်ရာ အားနည်းချက် နှင့် ချို့ယွင်းချက်များအား ပြင်ဆင်ဖြည့်စွက်လုပ်ကိုင်ပြီးပါက တစ်ရက်လျှင် SID အရေအတွက် (၃၀၀)ခန့်အထိ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“SID ကတ်ဆိုတာ အခြားနိုင်ငံတွေရောက်တဲ့အချိန်မှာ မြန်မာသင်္ဘောသားဖြစ်တယ်လို့ သက်သေပြတဲ့ သက်သေခံကတ်ပြားပါ။ သက်တမ်းကတော့ (၅)နှစ်ရှိပြီးတော့ သက်တမ်းကုန်ရင် တိုးရတယ်”ဟု သာကေတမြို့နယ်မှ ပင်လယ်ကူးသင်္ဘောသားတစ်ဦးက NSS ကိုပြောသည်။
အလားတူ SID ကတ်အား သင်္ဘောသားကိုယ်စားလျှောက်ထားပေးမည်ဟု ကြေညာချက်ထုတ်နေသည့် ပွဲစားများအားတွေ့မြင်ကြားသိနေရပြီး ကတ်၏တန်ဖိုးထက် (၂)ဆနှင့်အထက်ခန့်ရှိသည့် ဝန်ဆောင်ခအားတောင်းခံနေသည်ကိုလည်း ကြားသိရကြောင်း MSF က အသိပေးထားသည်။
ထို့ကြောင့် အဆိုပါ SID လျှောက်ထားခြင်းနှင့် ထုတ်ယူခြင်းကို ပွဲစား (သို့မဟုတ်)အခြားလူတစ်ဦးတစ်ယောက်ကိုမျှခံ၍ လုပ်ကိုင်ခြင်းမပြုရန် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်မှ တိုက်တွန်းပြောကြားထားသည်။
ထို့ပြင် အထက်ပါအချက်အလက်များကို အသေးစိတ်သိရှိလိုပါက DMA ဒေါပုံရုံး SID ထုတ် ပေးမည့်နေရာသို့ သွားရောက်စုံစမ်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့တောင်အာရှမှ အလုပ်သမားများအတွက် ဗီဇာနှင့် နေထိုင်ခများကို လျှော့ချခဲ့ကြောင်း ထိုင်းအစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ