နစကနဲ့ ဆက်နွယ်နေတဲ့လူပုဂ္ဂိုလ်၊ လုပ်ငန်းအဖွဲ့စည်းများကို ပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ကြောင်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါအစိုးရတို့ သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁
အမေရိကန်၊ ဗြိတိန်နဲ့ ကနဒါနိုင်ငံတို့ဟာ နစကအဖွဲ့ နဲ့ ဆက်နွယ်မှုရှိနေတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့စည်းများ၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့မှုချမှတ်မှု အပါအဝင် အခြားလုပ်ငန်းအဖွဲ့အစည်း သုံးခု၊ ၅ ဦးကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ က အမေရိကန်နိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ဆက်နွယ်ပြီး ငွေကြေးချေးငှားခြင်း၊ အကောင့်ဖွင့်ခြင်း၊ အာမခံပေးခြင်း၊ ရင်းနှီးမြှုပ်နှံ့ခြင်း စတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုမလုပ်ဆောင်ဖို့ တားမြစ်ပိတ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံသားတွေဟာ ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြီး မြန်မာရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများမလုပ်ပေးဖို့ ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဗြိတိန် နဲ့ ကနေဒါနိုင်ငံတို့ ကလည်း နစကနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်း၊ ကုမ္ပဏီများ နဲ့ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်အစိုးရဟာ ဗြိတိန်အစိုးရက လူပုဂ္ဂိုလ် ၅ ဦး၊ အဖွဲ့အစည်းတစ်ခုတို့ကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့သလို ကနေဒါအစိုးရကလည်း လူပုဂ္ဂိုလ် ၃၉ ဦးနှင့် အဖွဲ့အစည်းကုမ္ပဏီ၊ ၂၂ ခုကို ပစ်မှတ်ထား ပိတ်ဆို့မှုထပ်မံချမှတ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ဟာ မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နစကအဖွဲ့ အစည်းမှာ ပါဝင်နေသူတွေ၊ ၎င်းတို့နဲ့ ဆက်နွယ်နေသူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဘောသားများ SID ကတ်လျှောက်ထားရန် အွန်လိုင်းဘိုကင်ပြုလုပ်ရမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ