ဖမ်းဆီးထားသူအချို့ကို ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁
ဟားမက်စ်အဖွဲ့က ၎င်းတို့အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Abu Ubaida ဟာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကြားဝင်စေ့စပ်ပေးနေသူများနဲ့တွေ့ဆုံဆွေးနွေးချိန်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဟားမက်စ်အဖွဲ့ဟာ ဖမ်းဆီးထားသူတွေထဲက လူဘယ် လောက်ပြန်လွှတ်ပေးမလဲဆိုတဲ့အချက်နဲ့ ဘယ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမလဲဆိုတဲ့အချက်ကိုအတိကျပြောဆိုခြင်းမျိုးမရှိကြောင်းသိရပါတယ်။
ဟားမက်စ်အဖွဲ့က ၎င်းတို့ဟာ စစ်မျက်နှာသုံးခုမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေပြီး အစ္စရေးစစ်သားအများအပြားကို သုတ်သတ်နိုင်ခဲ့ကြောင်း၊ ဒါ့ပြင် အစ္စရေးစစ်တပ်ရဲ့စစ်ကားအရေအတွက်အနည်းဆုံး ၂၂ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။ အဆိုပါ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ရေတပ်အုပ်စုဟာ ‘Aasif' လို့ အမည်ပေးထားတဲ့ ရေအောက်ဒုံးကျည်တွေကိုလည်း ဒီစစ်ပွဲအတွင်း ပထမဆုံးအကြိမ်အသုံးပြုလာခဲ့ကြောင်းသိရပါတယ်။
ဟားမက်စ်အုပ်စုဟာ အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားတွေအပါအဝင် လူပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ဟားမက်စ်အဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အမေရိကန်နိုင်ငံသား သားအမိနှစ်ဦးကို ပထမဆုံးအကြိမ် ပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဟားမက်စ်အဖွဲ့ကို တိုက်တွန်းတောင်းဆိုနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုဖူလုံရေးဆေးခန်းများတွင် လက်ထောက်ဆရာဝန်ရာထူး (၃၀)ကျော် လိုအပ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ