တရုတ်နိုင်ငံတော်ကောင်စီဝင် နေပြည်တော်သို့ ရောက်ရှိနေ
မြူနစ် (NSS) - အောက်တိုဘာ ၃၀
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန်သည် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မစ္စတာဝမ်ရှောက်ဟုန်သည် ယနေ့(အောက်တိုဘာလ ၃၀ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နစကအစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NSS ကို ပြောသည်။
“သူက ရောက်နေပါပြီဗျ။ သူက တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး တစ်ဦးပါ”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန်၏ နေပြည်တော်ခရီးစဉ်သည် မည်သည့်ရည်ရွယ်ချက်၊ မည်သည့်အကြောင်းအရာဖြင့် လာရောက်ခြင်းဖြစ်သည်ကို မသိရှိရသေးသော်လည်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်အနီးရှိ ချင်းရွှေဟော်မြို့တစ်ဝိုက်အပါအဝင် လားရှိုး၊ သန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ကွမ်းလုံတို့တွင် MNDAA ဦးဆောင်မဟာမိတ်(၃)ဖွဲ့နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
ထိုသို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန် နေပြည်တော်သို့ လာရောက်ခြင်းသည်လည်း စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။
အလားတူ နစက၏ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည်လည်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၁ဝ)ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်သို့ တက်ရောက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံ၌ အစ္စရေးမှ လေယာဉ်ဆိုက်ရောက်စဉ် ဂျူးဆန့်ကျင်သူ လူရာချီသောင်းကျန်းမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ