ရုရှားနိုင်ငံ၌ အစ္စရေးမှ လေယာဉ်ဆိုက်ရောက်စဉ် ဂျူးဆန့်ကျင်သူ လူရာချီသောင်းကျန်းမှုဖြစ်ပွား
Htay Oung (NSS) - အောက်တိုဘာ ၃ဝ
ရုရှားနိုင်ငံတောင်ပိုင်း ဒါဂတ်စတန်ဒေသရှိ ပင်မလေဆိပ်မှာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မှ လေယာဉ်ဆိုက်ရောက်စဉ် ဂျူးဆန့်ကျင်ရေး ကြွေးကြော်လျက်ရှိတဲ့ လူရာပေါင်းများစွာတို့ဟာ ခရီးသည်များအပေါ် ဒေါသတကြီး သောင်းကျန်းပြုမူခဲ့ကြကြောင်း ရုရှားသတင်းအေဂျင်စီများနဲ့ လူမှုကွန်ရက် မီဒီယာများက ဖော်ပြနေကြတယ်လို့ AP က ယနေ့ (အောက်တိုဘာလ ၃ဝ ရက်)မှာ ရေးသားပါတယ်။
တနင်္ဂနွေနေ့ (အောက်တိုဘာလ ၂၉ ရက်)မှာ ဆိုက်ရောက်လာတဲ့ ရုရှားနိုင်ငံ “ရက်ဒ်၀င်း” လေကြောင်းလိုင်းပိုင် ခရီးတင်သည်လေယာဉ်ကို လူအုပ်ကြီးက ဝိုင်းအုံစုဝေးလာရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ ရုရှားသတင်းတွေက ဖော်ပြပါတယ်။
ဒါဂတ်စတန်ဟာ ရုရှားဖက်ဒရေးရှင်းမှာပါ၀င်တဲ့ သမ္မတနိုင်ငံအဆင့် နယ်မြေဖြစ်ပြီး ကက်စပီယန်ပင်လယ် ခေါ် ကုန်းတွင်းပိတ်ပင်လယ်ကြီးရဲ့ အနောက်ဘက်ကမ်းခြေကို မေးတင်လျက်ရှိပါတယ်။ လူဦးရေ ၃ သန်းကျော်ရှိပြီး အနောက်ဘက်ကပ်လျက် ချေချင်းညာနည်း တူ အစ္စလာမ်ဘာသာ၀င်အများစုနေထိုင်လျက်ရှိပါတယ်။
အခင်းဖြစ်ပွားမှုကြောင့် ဒါဂတ်စတန်နိုင်ငံ မာကတ်ခ်ျကာလာ ပင်လယ်ဆိပ်ကမ်းမြို့လေဆိပ်ကို အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီး လေဆိပ်အဆောက်အအုံအတွင်းမှာ ရဲတပ်ဖွဲ့၀င်များကို ချထားခဲ့တယ်လို့ ဆိုပါတယ်။ လူ ၂၀ ကျော်ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ဒဏ်ရာရသူတွေထဲမှာ ရဲအရာရှိတွေနဲ့ အရပ်သားတွေလည်း ပါဝင်တယ်လို့ ဒါဂစတန် ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။
ဆူပူသောင်းကျန်းမှုမှာ လူ ၆၀ ကို ဖမ်းဆီးထားတယ်လို့ ဖက်ဒရယ် ဒါဂတ်စတန် ခရိုင်ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ဘယ်နှစ်ယောက်ကို တရားစွဲဆိုထားကြောင်း ဖော်ပြခြင်းမရှိပါဘူး။
(AP., 30 October 2023, “Hundreds storm airport in Russia in antisemitic riot over arrival of plane from Israel” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယမန်နေ့က ကျိုးကျသွားခဲ့သော ဦးပိန်တံတား ပြန်လည်ပြုပြင်မှုပြီးစီး၍ လည်ပတ်သူများပြား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ