အစ္စရေး နဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်သတိပေးချက်တွေကို မသိကျိုးကျွံပြုသွားမယ်လို့ အီရန်သမ္မတပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ
အီရန်နိုင်ငံဟာ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ မပါဝင်ဖို့ အမေရိကန်အစိုးရရဲ့သတိပေးချက်တွေကို မသိကျိူးကျွံပြုသွားမယ်လို့ အီရန်သမ္မတအီရန် အီဘရာဟင်ရိုင်စီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရန်လိုမှုတွေကို အဆုံးသတ်အောင်လုပ်ဆောင်ဖို့ လိုလားခြင်းမျိုးမရှိကြောင်း အီရန်သမ္မတက ထပ်မံပြောဆိုလိုက်ပါတယ်။ အီရန်သမ္မတက "အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲ မပါဝင်ဖို့ တောင်းဆိုနေတယ်။ အခြားတစ်ဖက်မှာတော့ သူတို့က အစ္စရေးကို ကူညီထောက်ပံ့ပေးနေတယ်။ မှန်ကန်တဲ့တောင်းဆိုမှုမျိုးမဟုတ်ဘူး"လို့ ပြောပါတယ်။
၎င်းက ဂါဇာဒေသအပေါ် ပြုလုပ်မယ့် အစ္စရေးရဲ့မြေပြင်ထိုးစစ်ဆင်မှုတွေဟာ အောင်မြင်မှာမဟုတ်ဘဲ ပါလက်စတိုင်းတွေရဲ့ဒုတိယအောင်ပွဲဖြစ်လာမှာဖြစ်ကြောင်း ထပ်မံပြောဆိုထားပါတယ်။ အီရန်သမ္မတက အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံအချို့ကိုယ်တိုင်က ဂါဇာဒေသမှာအပစ်ခတ်ရပ်စဲရေးကို လိုလားခြင်းမျိုးမရှိကြောင်း၊ စစ်ရာဇဝတ်မှုကျူးလွန်စေမယ့် ပေါ်လစီတွေချမှတ်ပေးနေကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
၎င်းက "အရှေ့အလယ်ပိုင်းဒေသနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့တွက်ချက်မှုတွေက မှားယွင်းတယ်။ ခေတ်သစ်အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ရည်မှန်းချက်တွေရယူနိုင်မှာမဟုတ်ဘူး"လို့ ပြောပါတယ်။
အောက်တိုဘာလ အစောပိုင်းကတည်းက အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးကိုအားပေးထောက်ခံကြောင်း တရားဝင်ပြောဆိုခဲ့ပြီး အီရန်နိုင်ငံကို သတိထားနေဖို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလောင်းကစား နှင့် လိမ်လည်မှုများကို ယခုနှစ်ကုန်တွင် အမြစ်ပြတ်ချေမှုန်းမည်ဟု နစက သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ