လူအများက တိုက်စစ်မှူးဟာလန်းကို ကျရှုံးစေချင်ကြကြောင်း မန်စီးတီးနည်းပြ ထုတ်ပြော
Pika (NSS) - အောက်တိုဘာ ၂၇
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို လူအများအပြားက ကျရှုံးစေချင်ကြကြောင်း နည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောခဲ့သည်။
ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမျိုးမရှိသော ဟာလန်းကို လူအများအပြားက ပြစ်တင်ပြောဆိုနေချိန်တွင် နည်းပြ ဂွါဒီယိုလာက ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် Crvena Zvezda အသင်း၊ RB လိုက်ပ်ဇစ် အသင်းတို့နှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမျိုးမရှိဘဲ Young Boys အသင်းနှင့် ကစားခဲ့သော ပွဲတွင်သာ (၂)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Young Boys အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မန်စီးတီးတိုက်စစ်မှူးဟာလန်းသည် ပွဲချိန်(၆၇)မိနစ်တွင် ပင်နယ်တီ တစ်ဂိုးကန်သွင်းကာ ပွဲချိန်(၈၆)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ Young Boys အသင်း နှင့် ကစားခဲ့သည့် ပထမပိုင်းတွင် ဂိုးသွင်းယူရန် အခွင့်အရေးရခဲ့သော်လည်း သွင်းယူနိုင်ခဲ့ခြင်းမရှိသည့် ဟာလန်းကို ဂွါဒီယိုလာက ကာကွယ်ပြောဆိုပေးခဲ့ကြောင်းလည်း သိရသည်။
ဂွါဒီယိုလာက "အခွင့်အရေးတွေရဖို့က အရမ်းအရေးကြီးပါတယ်။ လူအများအပြားက ဟာလန်းကို ကျရှုံးစေချင် ကြပါတယ်။ ဒီလိုပြောဆိုမှုတွေကြောင့် စိတ်မကောင်းဖြစ်မိပေမယ့်လည်း ဟာလန်းဟာ ဂိုးတွေ ဆက်သွင်းနေပါ လိမ့်မယ်၊၊ အခွင့်အရေးတွေ ရခဲ့မယ်ဆိုရင် ဟာလန်းဟာ တစ်ဖက်အသင်းအတွက် ခြိမ်းခြောက်မှုတစ်ခုပါပဲ။ ဟာလန်း ဘောလုံးကစားသမားဘဝ နောက်ဆုံးနေ့အထိ ဂိုးတွေ သွင်းယူနေပါလိမ့်မယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့တွင် ဆိုင်ကယ်စီးနေသည့် သားအမိ(၂)ဦးအား လူ(၃)ဦးမှ ပိုက်ဆံအိတ်လုယက်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိခဲ့
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း