နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါအဝင် (၂)ဦးသေဆုံးပြီး လူနေအိမ်အချို့ပျက်စီးမှုရှိခဲ့
Pearl (NSS) - အောက်တိုဘာ ၂၇
နမ့်ဖက်ကာကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ယနေ့ (အောက်တိုဘာလ ၂၇ ရက်)၊ နံနက် (၆)နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာ၊ နမ့်ဖက်ကာရပ်ကွက်(၄)တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကလေး(၃)ယောက်အပါ (၅)ယောက် လက်နက်ကြီးစမှန်တဲ့ ဒဏ်ရာရပြီး ဆေးရုံရောက်တယ်။ (၂)ဦး ဆုံးသွားတယ်။ ဆုံးတဲ့အထဲ ကလေးငယ်တစ်ယောက်ပါတယ်။ လက်ရှိတော့ လက်နက်ကြီးပစ်တာ၊ တိုက်ပွဲဖြစ်တာတွေတော့ ငြိမ်သွားပြီ"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
နမ့်ဖက်ကာရပ်ကွက် (၄)အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတွင် လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကလေးငယ် (၃)ဦးအပါအဝင် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လူနေအိမ် (၂)လုံးခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ(၅)ဦးသည် နမ့်ဖက်ကာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့တို့ရှိ လုံခြုံရေးစခန်းများကို လက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့ က ဝင်ရောက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီတင်းကျွတ်ပိတ်ရက်အတွင်း အစုန်အဆန်အထူးရထားခရီးစဉ်(၂၀)ပြေးဆွဲပေးမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ