သီတင်းကျွတ်ပိတ်ရက်အတွင်း အစုန်အဆန်အထူးရထားခရီးစဉ်(၂၀)ပြေးဆွဲပေးမည်
Pearl (NSS) - အောက်တိုဘာ ၂၇
သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း အထူးရထားခရီးစဉ် (၂၀) ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါခရီးစဉ်များသည် နေပြည်တော်-ရန်ကုန်-နေပြည်တော်၊ ရန်ကုန်- မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ပြည် - ရန်ကုန်၊ ရန်ကုန် - ပုဂံ - ရန်ကုန် ခရီးစဉ်များဖြစ်ပြီး အောက်တိုဘာ လ (၂၇)ရက်မှစတင်၍ (၃၀)ရက်အထိ အစုန်အဆန်အထူးရထား ခရီးစဉ် (၂၀)ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်များအတွက် အထက်တန်းလက်မှတ်အား (၃)ရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား (၁)ရက် ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးမောက်မြို့နယ်တွင် အမျိုးသားတစ်ဦး စပါးများရိတ်သိမ်းနေစဉ် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း