ကော့ကရိတ်မြို့ပေါ်ရှိ လုံခြုံရေးစခန်းအချို့ကို KNLA၊ PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွား
မြူနစ် (NSS) - အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ လုံခြုံရေးစခန်းအချို့ကို KNLA၊ PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ယနေ့(အောက်တိုဘာလ ၂၇ ရက်)၊ နံနက် ၅ နာရီခွဲအချိန်ခန့်မှစ၍ ကော့ကရိတ်မြို့ပေါ်ရှိ လုံခြုံရေးစခန်းအချို့ကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြို့ခံများက NSS ကို ပြောသည်။
“ဒီမနက် ၅ နာရီခွဲ ဝန်းကျင်လောက်ကတည်းက စဖြစ်လိုက်တာ ၁၂ နာရီလောက်အထိက မြို့ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ အခုအချိန်(၃ နာရီဝန်းကျင်)မှာလည်း လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်။ တောထဲက အဖွဲ့တွေက ကော့ကရိတ်မြို့ထဲအထိကို ရောက် လာတယ်လေ။ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက် အစပ်တွေပေါ့။ အဲဒီကိုထိ ရောက်လာတယ်။ အဲဒီလို မြို့ထဲအထိ ရောက်လာပြီးတော့ လုံခြုံရေးစခန်းကို ပစ်တာပေါ့။ မြို့ထဲမှာ အခင်းဖြစ်ပွားမှုတွေ ဖြစ်တာပေါ့”ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့လာရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့များ နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့များအကြားတွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် KNLA၊ PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့ပေါ်မှတစ်ဆင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်များအတွင်း အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည့်အပြင် အရပ်သား (၂)ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးတွေကျလို့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေရှိပါတယ်။ ဘယ်နှစ်ယောက်ရှိလဲသာ မသိတာ။ နောက် သေတဲ့သူက နှစ်ယောက်ရှိတယ်လို့ ကြားတယ်။ အခုက အာရှလမ်းမှာ ကားအသွားအလာကတော့ မရှိဘူး။ ဆိုင်ကယ် တစ်စီးစ၊ နှစ်စီးစလောက်ပဲ သွား လာနေတာ တွေ့ရှိရတယ်”ဟု ကော့ကရိတ်မြို့ခံက ပြောသည်။
အလားတူ ယနေ့(အောက်တိုဘာလ ၂၇ ရက်) နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွတ်ခိုင် နှင့် လားရှိုးမြို့တို့ရှိ လုံခြုံရေးစခန်းများကို လက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့ က ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါအဝင် (၂)ဦးသေဆုံးပြီး လူနေအိမ်အချို့ပျက်စီးမှုရှိခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ