မော်လမြိုင်မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ ကျောင်းဆောင်မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးထားဟုဆို
Pearl (NSS) - အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ ကျောင်းဆောင်မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်တွင် မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်မှနှစ်(၁၀၀)ကျော် သက်တမ်းရှိ အ.ထ.က (၉)ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စာသင်ဆောင်(၂)ဆောင်ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ငွေကျပ် ၉,၃၇၅,၀၀၀ (ကိုးဆယ့်သုံးသိန်း ခုနှစ်သောင်း ငါးထောင်ကျပ်)ခန့် ရှိကြောင်းသိရသည်။
အဆိုပါမီးလောင်မှုအား မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
CCTV မှတ်တမ်းများအရ အမျိုးသမီးတစ်ဦးက စက်ဘီးဖြင့်ရောက်ရှိလာကာ အဆိုပါ ကျောင်းဆောင်များအား မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဟု မြို့ခံများက ပြောဆိုထားသည်။
မီးလောင်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦးများအား ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ကျောင်းပြန်လည်ဖွင့်ချိန်တွင်လည်း ကျောင်းတတ်ချိန်(၂)ချိန်ခွဲကာ ကျောင်း သား၊ ကျောင်းသူများအား အရှိန်မပျက်သင်ကြားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNDAA ပါဝင်သော မဟာမိတ်(၃)ဖွဲ့က (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းမြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက် / လုံခြုံရေးအရ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဟု နစကတုံ့ပြန်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း