Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
MNDAA ပါဝင်သော မဟာမိတ်(၃)ဖွဲ့က (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းမြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက် / လုံခြုံရေးအရ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဟု နစကတုံ့ပြန်

မြူနစ် (NSS) - အောက်တိုဘာ ၂၇

ကိုးကန့်အဖွဲ့ MNDAA ပါဝင်သော မဟာမိတ်(၃)ဖွဲ့က (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းမြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် ယနေ့(အောက်တိုဘာလ ၂၇ ရက်)၊ နံနက် ၄ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိမ်နီ၊ ကွမ်လုံ၊ လားရှိုးမြို့တို့ရှိ လုံခြုံရေးစခန်းများကို စတင်ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက်လေးနာရီလောက်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ချင်းရွှေဟော်၊ လောက်ကိုင်၊ သိမ်နီဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပါတယ်။ ချင်းရွှေဟော်ဘက်က လေးနေရာလောက်မှာ drop bomb နဲ့လာချတာရှိတယ်။ လာရောက်ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ ကွမ်လုံဘက်မှာလည်း နှစ်နေရာလောက်ကို drop bomb လာချပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ ပြီးတော့ လောက်ကိုင်ဘက်ရဲ့ အနားလေးမှာရှိနေတဲ့ လောက်ကိုင်ရဲ့ အနောက်ဘက်ခြမ်း သုံးနေရာလောက်မှာလည်း လုံခြုံရေးစခန်းတွေကို လာရောက်တိုက်ခိုက်တာရှိတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NSS ကို ပြောသည်။

ထို့ပြင် ချင်းရွှေဟော်မြို့ ထောင်ဂိတ်နှင့် တာဝါးနေရာများရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

“ချင်းရွှေဟော်ဘက်ကတော့ ထောင်ဂိတ်နေရာရယ်၊ တာဝါးနေရာရယ် အဲဒီမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တာရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ထို့နောက် လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့မှ အဖွဲ့ဝင်များသည် ချင်းရွှေဟော်မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ဟိုတယ်တစ်လုံးရှိ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးကာ “ဝ” အထူးဒေသ(၂)ဘက်သို့ ထွက်ခွာသွားသည်ဟု နစကပြောခွင့်ရက ပြောသည်။

“ချင်းရွှေဟော်မြို့ထဲဝင်ပြီးတော့မှ အရင်တုန်းက ကိုးကန့်အထူးဒေသ ခေါင်းဆောင်တစ်ဦးရဲ့ ဟိုတယ်ကို ဝင်ရောက်တာရှိတယ်။ ဝင်ရောက်ခဲ့ပြီး ဟိုတယ်မှာရှိတဲ့ ဝန်ထမ်းတွေ၊ အရပ် သားတွေကို ဖမ်းဆီးပြီးတော့ “ဝ” အထူးဒေသ (၂)နန့်တင်ဘက်ကို ထွက်သွားတာသိရတယ်။ ဒါနဲ့ပတ်သက်ပြီး အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ “ဝ” နဲ့ဆက်သွယ်ဆောင်ရွက် လျက်ရှိတယ်”ဟု ၎င်းက ထပ်မံပြောသည်။

ချင်းရွှေဟော်၊ ကွမ်လုံနှင့် လောက်ကိုင်တို့ရှိ လုံခြုံရေးစခန်းများကို ကိုးကန့်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် MNDAA က ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လတ်တလော၌ MNDAA အဖွဲ့က ချင်းရွှေဟော်နှင့် ကွမ်လုံကြားရှိ နေရာအချို့ကို ရယူထားကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၄ နာရီအချိန်ခန့်တွင်လည်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် လားရှိုးမြို့ဘက်ရှိ နေရာနှစ်ခုတွင်လည်း တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။

“ပြီးရင်တော့ လားရှိုးရဲ့အရှေ့ဘက် နေရာနှစ်နေရာလောက်မှာလည်း ပစ်ခတ်တာရှိတယ်။ လားရှိုးဘက်မှာ ပစ်ခတ်တာကတော့ TNLA နဲ့ အဲဒီဘက်မှာရှိတဲ့ AA အဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်တာလို့ သိရတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုသို့ လာရောက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လားရှိုးမြို့ရှိ တိုးဂိတ်တွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အရပ်သားအချို့လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ရန်ကုန်မှ လားရှိုးမြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကိုလည်း ရပ်နားထားရကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နေရာများနှင့်ပတ်သက်၍ ပြန်လည်လုံခြုံမှုရှိစေရေးဆောင်ရွက်နေကြောင်း နစကပြောခွင့်ရက ပြောသည်။

ချင်းရွှေဟော်မြို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီးတွင် တည်ရှိသည့် အတွက် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကို တရုတ်နိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

“၂ဝ၁၅ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း လောက်ကိုင်ဒေသမှာ MNDAA အနေနဲ့ ဆောင်ရွက်ခဲ့တာမျိုးရှိတယ်။ လောက်ကိုင်ဒေသရဲ့ အခြေအနေ တော်တော်ပျက်ပြားခဲ့တာရှိတယ်။ ဒါကြောင့်မို့ ပြောချင်တာကတော့ MNDAA အနေနဲ့ ဒီဒေသမှာ ဆက်လက်ရှိနေသမျှ ကာလပတ်လုံး နယ်စပ်ဒေသအခြေအနေကို အနှောက်အယှက်ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအရ ဆောင်ရွက်သင့်တဲ့လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။

ယနေ့(အောက်တိုဘာလ ၂၇ ရက်)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် လုံခြုံရေးအဖွဲ့ဝင်များ၊ လက် နက်ကိုင်အဖွဲ့ဝင်များလည်း သေဆုံးမှုများရှိနေကြောင်း သိရသည်။

မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့သည် (၁၀၂၇ စစ်ဆင်ရေး)အဖြစ် အမည်ပေးကာ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved