တရုတ်နိုင်ငံမှာ ကျောင်းစရိတ်ကို ချစ်သူကောင်မလေးနဲ့ သုံးဖြုန်းခဲ့တဲ့ သားဖြစ်သူကို မိခင်ဖြစ်သူက တရားစွဲ
ရောင်နီ (NSS) - အောက်တိုဘာ ၂၇
တရုတ်နိုင်ငံ၊ စီချွန်ပြည်နယ်ရှိ စင်ဂဲယ်မိခင်တစ်ဦးဟာ နိုင်ငံခြားမှာ ပညာသင်ဖို့ ထုတ်ပေးခဲ့တဲ့ကျောင်းစရိတ်ကို ချစ်သူကောင်မလေးအတွက် သုံးဖြုန်းပစ်ခဲ့တဲ့ သားဖြစ်သူကို တရားစွဲဆိုခဲ့ပါတယ်။
သားဖြစ်သူရဲ့ ကျောင်းစရိတ်အတွက် ယွမ် ၃၀၀,၀၀၀ (S$57,200) ကို သားရဲ့ဘဏ်အကောင့်ထဲ ထားရှိထားတာဖြစ်ပြီး တနင်္ဂနွေနေ့ (အောက်တိုဘာလ ၂၂ ရက်)မှာတော့ သူမရဲ့သားဖြစ်သူက ချစ်သူအတွက် အဲဒီငွေထဲက ယွမ် ၂၀၀,၀၀၀ ကို သုံးစွဲထားတာ သိခဲ့ရပါတယ်။ ခင်ပွန်းသည် နောက်အိမ်ထောင်ပြုပြီးနောက် ဖြစ်နိုင်ချေရှိတဲ့ ပိုင်ဆိုင်မှု အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ အသက် ၄၁ နှစ်အရွယ်မိခင်ဟာ သူမရဲ့စုဆောင်းငွေ တစ်သန်းခွဲကျော်ကိုလည်း သားဖြစ်သူအမည်နဲ့ ဘဏ်ထဲထည့်ထားပါတယ်။
မကြာသေးမီကမှ အကောင့်ထဲက လျော့သွားတာကို တွေ့ရှိလိုက်ရတဲ့အတွက် အံ့အားသင့်ခဲ့ရပါတယ်။ ဘဏ်နဲ့ စစ်ဆေးကြည့်တဲ့အခါမှာတော့ သူမရဲ့ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူက "ဝူ" အမည်ရှိ သူ့ရည်းစားဆီ ပိုက်ဆံလွှဲပေးခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ သားဖြစ်သူတို့ စုံတွဲဟာ ခရီးသွားခြင်း ၊ ကားဝယ်ယူခြင်းအတွက် ယွမ် ၂၀၀,၀၀၀ သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ သူ့သားနဲ့ ဝူ နဲ့ကိုညှိနှိုင်းဖို့ ကြိုးစားပြီး ကျန်ငွေတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့သားနဲ့ ဝူ နှစ်ဦးစလုံးကအဲဒီငွေတွေကို သူတို့ပိုင်ကြောင်းပြောဆိုပြီး ပြန်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ကျန်ငွေပြန်လည်ရယူဖို့ အကြိမ်ကြိမ်ကြိုးစားမှု မအောင်မြင်ခဲ့ပြီးနောက် မိခင်ဖြစ်သူဟာ စီချွန်း ပြည်နယ်၊ မိန်ရန်း ရှိ ဖူချိုင်းခရိုင်ပြည်သူ့တရားရုံးမှာ တရားစွဲခဲ့ပါတယ်။
တရားရုံးမှာ ဖြေရှင်းကြပြီးနောက် ကျန်ငွေတွေကို သားဖြစ်သူက မိခင်ဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရောက် မြန်မာနိုင်ငံသား(၄)ဦး အစိုးရအစီအစဉ်ဖြင့် မိခင်နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ