အစ္စရေးရောက် မြန်မာနိုင်ငံသား(၄)ဦး အစိုးရအစီအစဉ်ဖြင့် မိခင်နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
Pearl (NSS) – အောက်တိုဘာ ၂၇
အစ္စရေးရောက် မြန်မာနိုင်ငံသား(၄)ဦးသည် အစိုးရအစီအစဉ်ဖြင့် မိခင်နိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နစကမှ အောက်တို ဘာလ (၂၆)ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အစ္စရေးနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲကြုံတွေ့ရခြင်း၊ ဘေးဒုက္ခရောက်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက် နိုင်ငံတော်အစိုးရအစီအစဉ် ဖြင့် ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ပေးမည်ဟု မြန်မာသံရုံးက ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ထုတ်ရေးစီမံချက်အရ နိုင်ငံ တော်အစိုးရအစီအစဉ်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်တွင် အစ္စရေးရောက် မြန်မာများဖြစ်ကြသည့် မမိုးသီတာအောင် ၊ မခင်နှင်းအိ၊ ဒေါလမိုင်းမိုင်ရွာနှင့် ဦးအောင်ကျော်ဦး (၄)ဦးတို့ကို တဲလ်အဗီးမှ EI AI Airline LY 081 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ (၄) ဦးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မိသားစုဝင်များနှင့်အတူ သက်ဆိုင်ရာ နေရပ်များသို့ ပြန်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းရွှေဟော် ဒေသတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ