တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ဖြစ်တဲ့ BigBang ရဲ့ အဖွဲ့ဝင် G-Dragon မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံနေရ
ရောင်နီ (NSS) - အောက်တိုဘာ ၂၇
နာမည်ကြီး K-pop ယောက်ျားလေးအဖွဲ့ BigBang ရဲ့ အဖွဲ့ခေါင်းဆောင်ဟောင်း G-Dragon ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ ဗုဒ္ဓဟူးနေ့(အောက်တိုဘာလ ၂၅ ရက်)က ထွက်ရှိတဲ့ သတင်းတွေအရ သိရပါတယ်။
အမည်ရင်း ကွမ်ဂျီယောင်းခေါ် အသက် ၃၅ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ တောင်ကိုရီးယား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေး ခံနေရတယ်လို့ အင်ချွန်းမြို့တော်ရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကမှ အေဂျင်စီ YG Entertainment နဲ့ သီးသန့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ G-Dragon ဟာ ယခုအချိန်အထိတော့ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပါဘူး။
YG Entertainment ဟာလည်း G-Dragon ဟာ ၎င်းတို့နဲ့ စာချုပ်ပြတ်ဆဲပြီးဖြစ်လို့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဖြေရှင်းခြင်းမရှိပါဘူး။ ဒါ့ပြင် G-Dragon ဟာ ၂၀၁၁ ခုနှစ်ကလည်း ဂျပန်နိုင်ငံမှာ အခြား မူးယစ်ဆေးအရှုပ်တော်ပုံထဲ ပါဝင်ခဲ့ဖူးပြီး အဲဒီတုန်းက ကလပ်တစ်ခုမှာ ဆေးခြောက်သုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ရှိခဲ့ပေမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိတာကြောင့် အစိုးရရှေ့နေတွေက အမှုကို ပယ်ချခဲ့ရပါတယ်။
တောင်ကိုရီးယား ဂီတနဲ့ ရုပ်ရှင်နယ်ပယ်တွေဟာ ကမ္ဘာနဲ့ချီ လွှမ်းမိုးမှု ကြီးထွားလာတဲ့နောက် မူးယစ်ဆေးဝါးသုံးစွဲမှု အစီရင်ခံစာတွေဟာ ဖျော်ဖြေရေးသမားတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေတဲ့အထိ ပြင်းထန်လွန်းလှပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာ ကျောင်းစရိတ်ကို ချစ်သူကောင်မလေးနဲ့ သုံးဖြုန်းခဲ့တဲ့ သားဖြစ်သူကို မိခင်ဖြစ်သူက တရားစွဲ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ