တရုတ်နိုင်ငံရဲ့တိုက်ခိုက်မှုကနေ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကတိပြု
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
တရုတ်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်သင်္ဘောချင်းတိုက်မိမှုတွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ တရုတ်စစ်သင်္ဘောနဲ့ ဖိလစ်ပိုင်စစ်သင်္ဘောတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်သမ္မတက အခုလိုမျိုးလူသိရှင်ကြားထုတ် ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က"ကျွန်တော်ဟာ ရှင်းရှင်းလင်းလင်းသိစေလိုတယ်။ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ကတိတွေဟာ သံထည်လိုမျိုး ခိုင်မာမှုရှိပါတယ်။ အမေရိကန် နဲ့ ဖိလစ်ပိုင် နိုင်ငံကြားချုပ်ဆိုထားတဲ့ ကာကွယ် ရေးစာချုပ်သဘောတူညီချက်တွေဟာ သံထည်လိုမျိုးခိုင်မာမှုရှိပါတယ်။ ဖိလစ်ပိုင် စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်ခံရမယ်ဆိုရင် ကျွန်တော်တို့ဟာ ဖိလစ်ပိုင်နဲ့ချုပ်ဆိုထားတဲ့ ကာကွယ်ရေးစာချုပ်အရ ပါဝင်ပတ်သက်ရမယ်"လို့ ပြောပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ၁၉၅၁ ခုနှစ်က ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားရာ အဲဒီစာချုပ်ထဲမှာ တစ်နိုင်ငံတိုက်ခိုက်ခံရမယ်ဆိုရင် အခြားနိုင်ငံက ပါဝင်တိုက်ခိုက်ရမယ့်ဆိုတဲ့အချက်ပါဝင်နေကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်ဝမ်ကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ဒီနှစ်အစောပိုင်းက သတိပေးပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတက ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ တရုတ်သင်္ဘောနဲ့ ဖိလစ်ပိုင်သင်္ဘောတို့တိုက်မိတဲ့အဖြစ်အပျက်မှာ တရုတ်စစ်သင်္ဘောက အန္တရာယ်ရှိတဲ့လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ပြီး ဥပဒေနဲ့မညီတဲ့ အပြုအမူတွေကိုလုပ်ဆောင်ခဲ့တာမျိုးဖြစ်တယ်လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံးမှာတရားစွဲဖို့ မလေးရှားနိုင်ငံ စီစဉ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ