အစ္စရေးနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံးမှာတရားစွဲဖို့ မလေးရှားနိုင်ငံ စီစဉ်နေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
မလေးရှားနိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICJ)မှာတရားစွဲဆိုဖို့စီစဉ်နေပြီး OIC အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Dr Zambry Abdul Kadir ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းက "ပါလက်စတိုင်းရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ICC အဖွဲ့က စုံစမ်းစစ် ဆေးနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ မလေးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ ပါလက်စတိုင်းတွေအပေါ် ပြုလုပ်နေတဲ့အစ္စရေးရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ICC သာမက ICJ မှာပါထပ်တင်ဖို့ စီစဉ်နေတယ်။ အဲဒီအတွက်လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်"လို့ ပြောပါတယ်။
ICC အဖွဲ့ဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်က ပါလက်စတိုင်းတွေအပေါ် အစ္စရေးကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်များနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ် မတ်လမှာ စတင်စုံစမ်းစစ်ဆေးနေခဲ့ကြောင်းသိရပါတယ်။
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပါလက်စတိုင်းလိုလားတဲ့ထောက်ခံပွဲတွေကို မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ကိုယ်တိုင်တက်ရောက်အားပေးခဲ့ကြောင်းသိရပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အစ္စရေးနဲ့ သံတမန်ဆက် ဆံရေးရှိတဲ့နိုင်ငံမဟုတ်သလို ပါလက်စတိုင်းအရေးအတွက်အမြဲတမ်းတက်ကြွစွာ တောင်းဆိုမှုတွေလုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ အတူရပ်တည်သွားမယ်။ မလေးရှားဟာ ပါလက်စတိုင်းပြည်သူတွေ လွတ်လပ်ရေးအတွက် စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ အတူရပ်တည်ပေးမှုတွေ ဆက်လုပ်သွားမယ်" လို့ ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မလေးရှားနိုင်ငံဟာ ၁၉၅၇ ခုနှစ်နောက်ပိုင်းကတည်းက ပါလက်စတိုင်းကိစ္စတွေမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံအပေါ်စိုးရိမ်ကြောက်ရွှံ့မှုမရှိကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-26 / 6:00 PM)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း