တရုတ်နှင့်မြန်မာပြည်သူများ၏အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
တရုတ်နိုင်ငံအနေဖြင့် အွန်လိုင်းမှတဆင့်လိမ်လည်မှုများကျူးလွန်နေသော ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ သက်ဆိုင်ရာတိုက်ဖျက်ရေးလှုပ်ရှားမှုများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီးချန်ဟိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်သံအမတ်ကြီးသည်ပြီးခဲ့သောရက်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တရုတ်အခြေစိုက် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။ တရုတ်သံအမတ်ကြီးသည် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆက်သွယ်ရေးလိမ် လည်မှုနှင့် ပတ်သက်သည့် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၅၀၀၀ နီးပါးကို တရုတ်နိုင်ငံရဲဘက်သို့ လွှဲပြောင်းပေးခြင်းနှင့်ပတ်သက်ပြီး ချီးကျူးစကားများပြောဆိုခဲ့ကြောင်းသိရသည်။
ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးသန်းဆွေတို့က မြန်မာနိုင်ငံသည် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု စသည့်ပြစ်မှုကျူးလွန်သော လှုပ်ရှားမှုများ၏ ဆိုးရွားသောထိခိုက်မှုကို အလွန်အလေးထားကြောင်း၊ မြန်မာနိုင်ငံရှိဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများတိုက်ဖျက်သည့်လှုပ်ရှားမှုကို တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်က ဌာနအသီးသီးနှင့်ညှိနှိုင်း၍ မြန်မာ-တရုတ် နှစ်ဦးနှစ်ဖက် ပူးပေါင်းမှုအပြင် အခြားသက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်အတူရရှိသည့် သဘောတူညီချက်များကို တစ်ဆင့်တိုးအကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာပြည်ထဲရေးဝန်ကြီး နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများ လုံခြုံ ရေးနှင့် အကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသတွင်း ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံရဲ့တိုက်ခိုက်မှုကနေ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကတိပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ