ဂါဇာဒေသအပေါ် ဗုံးကြဲတိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းဒေသထက်ကျော်လွန်ဖြစ်ပွားလာဖွယ်ရှိနေကြောင်း ရုရှားသမ္မတပူတင်သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
ဂါဇာဒေသအပေါ် ပြုလုပ်နေသော အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းဒေသထက် ကျော်လွန်ပျံ့နှံ့လာဖွယ်ရှိနေကြောင်း ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်သည်။
အစ္စရေးနှင့်ဟားမက်စ်ကြားဖြစ်ပွားနေသည့် စစ်ပွဲသည် အောက်တိုဘာလ ၇ ရက်တွင် စတင်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၆၀၀၀ ကျော်သေဆုံးထားကာ အစ္စရေးနိုင်ငံသားအနည်းဆုံး ၁၄၀၀ ကျော်သေဆုံးထားကြောင်းသိရသည်။ အစ္စရေးသည် ဂါဇာဒေသကို အောက်တိုဘာလ ၇ ရက်ကတည်းက ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအစီအစဉ်များကို တားဆီးနေဆဲဖြစ်ကြောင်းသိရသည်။
ရုရှားသမ္မတပူတင်က အစ္စရေးနှင့်ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသထက်ကျော်လွန်ပျံ့နှံ့လာဖွယ်ရှိနေကြောင်း၊ ဂါဇာဒေသကို အစ္စရေး၏ဗုံးကြဲတိုက်ခိုက်နေခြင်းများသည် အပြစ်မဲ့ကလေးငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများကို မကျူးလွန်ရသောရာဇဝတ်မှုအတွက်မှားယွင်းအပြစ်ပေးခြင်းမျိုးဖြစ်နေကြောင်းဝေဖန်ခဲ့သည်။
ရုရှားသမ္မတက "ကျွန်တော်တို့အားလုံးရဲ့အဓိကတာဝန်က အကြမ်းဖက်မှုတွေ နဲ့ သွေးထွက်သံယိုဖြစ်ပွားနေမှုတွေကို ရပ်တန့်အောင်ကြိုးစားဖို့ပါ၊ စစ်ပွဲပဋိပက္ခ အရှိန်မြင့်တက်လာခြင်းဟာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အန္တရာယ်ဖြစ်မှုတွေကို ပိုမိုဆိုးရွားလာနိုင်တယ်။ ဒီစစ်ရေးပဋိပက္ခဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာသာမဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသနယ်စပ်ထက်ကျော်လွန်ပျံ့နှံ့လာဖွယ်ရှိနေပါတယ်" ဟုပြောသည်။
အစ္စရေးသည် ဒေသအတွင်း၌ အမေရိကန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြန့်ကြတ်ချထားခွင့်ရမည်ဆိုလျှင် ဂါဇာဒေသအပေါ် မြေပြင်ထိုးစစ်ဆင်နွဲခြင်းကို ဆိုင်းငံ့ထားရန်သဘောတူညီဖွယ်ရှိနေကြောင်း အမေရိကန်အခြေစိုက် သတင်းစာဖြစ်သော Wall Street Journal ကဖော်ပြထားသည်။ ဂါဇာဒေသအပေါ် ဗုံးကြဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်သည် ပြင်းထန်သော သတိပေးချက်များမရှိသော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့သည့်အတွက် အစ္စရေးနိုင်ငံ နှင့် အငြင်းပွားဝေဖန်မှုများ ပြီးခဲ့သော ရက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်းမြို့တွင် ညီအစ်မ(၂)ဦး ဧရာဝတီမြစ်အတွင်းရေဆင်းကူးရာမှ အစ်မဖြစ်သူရေနစ်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ