စစ်ကိုင်းမြို့တွင် ညီအစ်မ(၂)ဦး ဧရာဝတီမြစ်အတွင်းရေဆင်းကူးရာမှ အစ်မဖြစ်သူရေနစ်သေဆုံး
သန့်ဇင် (NSS) - အောက်တိုဘာ ၂၆
စစ်တိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ညီအစ်မ(၂)ဦး ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းကူရာမှ အစ်မဖြစ်သူ ရေနစ်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ နံနက် ၁၁နာရီအချိန်တွင် စစ်ကိုင်းမြို့၊ တာဝါတိုင်ဆိပ်ကမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ညီအစ်မနှစ်ယောက်ရေဆင်းကူးနေရင်းကနေ ရေနစ်ကြတာ။ အရင်ဆုံးနစ်တာက အကြီးကနစ်တာ။ အဲဒါကို အငယ်ကဆင်းဆယ်တာမှာ သူပါနစ်နေလို့ ဘေးကရေချိုးတဲ့လူက ဆင်းဆယ်တော့ အငယ်ကိုပဲဆယ်လို့ရခဲ့တာပေါ့။ ပြန်ဆယ်မယ်လုပ်တော့ အကြီးက မြုပ်ပြီးဆုံးသွားတာပေါ့” ဟု စစ်ကိုင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူမျိုးသမီးသည် မြရတနာရပ်ကွက်တွင်နေထိုင်သည့် အသက်(၁၃)နှစ်အရွယ် မအေးမြတ်သူဖြစ်ပြီး အသက်(၁၁)နှစ်အရွယ် ညီမဖြစ်သူနှင့်အတူ ရေကူးနေစဉ် ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခုအချိန်က ရေကျနေတာဗျ။ ရေကျချိန်ဆိုတော့ အနားကလူတွေနဲ့ လူတော်တော်များများက အဲဒီမှာရေလာကူးကြတယ်။ ခုဟာကလဲ ရေကူးနေရင်းနဲ့ ရေနစ်သေတာဆိုတော့ အဲဒီနားမှာ ဆိုင်းဘုတ်လေးဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ထားဖို့လိုနေပြီ” ဟု ၎င်းက အကြံပြုပြောကြားခဲ့သည်။
ရေနစ်သေဆုံးသူအမျိုးသမီးအား စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်မြန်မာပြည်သူများ၏အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း