အောင်ဆန်းအားကစားကွင်းကို တရုတ်နှင့်ပူးပေါင်းကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်နေ
NSS - အောက်တိုဘာ ၂၆
အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) သည် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်းမြို့အခြေစိုက် နာမည်ကြီး နည်းပညာတက္ကသိုလ် Tongji University မှဗိသုကာဒီဇိုင်း နှင့် လေ့လာရေးအင်စတီကျုမှ ပရောဂျက်အဖွဲ့ နှင့် YCDC မှတာဝန်ရှိသူတို့သည် အောက်တိုဘာလ ၂၅ ရက်က မြို့တော်ခန်းမ (ရန်ကုန်)၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဆန်းအားကစားကွင်းသည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း အောင်ဆန်းကွင်းမြေနေရာ၊ အဆောက်အဦးဒီဇိုင်း၊ ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်က မေးမြန်းမှုများရှိခဲ့ပြီး မြန်မာဘက်မှ MNBC 2020 စံချိန်စံညွှန်း၊ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပေဒေ နှင့် YCDC Website များအား လေ့လာပြီး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကွင်းအဆင့်မြှင့်တင်မှုအတွင်း ပရိသတ်များ အဝင်/အထွက် အဆင်ပြေစေရန် Under Pass နှင့် Under Line ၊ ပရိသတ် ၃၀၀၀ ဆန့် မိုးလုံလေလုံ အားကစားရုံတို့ ပါဝင်လာမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှု ပြီးစီးသွားပါက အဓိက အားကစားကွင်းကြီးသည် ပရိသတ် ၃၀၀၀၀ အထိ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ဆန်းစစ်အကြံပြုရေး ဆပ်ကော်မတီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် အကောင်အထည်ဖော်နိုင်ရန် အောင်မြင်ဖြစ်မြောက်နိုင်သော စီးပွား ရေးနည်းလမ်းများကို အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဆန်းကွင်းကြီးကို အားကစားဝင်းအဖြစ် ၁၉၀၆ ခုနှစ်တွင် စတင်ဆောက် လုပ်ခဲ့ကာ ယင်းအားကစားကွင်းကြီး၏ မူလအမည်သည် BBA( Burma Athletic Association Ground) ဖြစ်သည်။ လူစည်ကားသော ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲများကို ကွင်းအတွင်းကျင်းပခြင်းများ ခေတ်အဆက်ဆက်ရှိခဲ့ပြီး ၁၉၅၃ ခုနှစ်အောက်တိုဘာလ ၁၇ ရက်တွင် မူလအမည် BBA အစား အောင်ဆန်းအားက စားပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသအပေါ် ဗုံးကြဲတိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းဒေသထက်ကျော်လွန်ဖြစ်ပွားလာဖွယ်ရှိနေကြောင်း ရုရှားသမ္မတပူတင်သတိပေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း