အစ္စရေးနှင့်ဟားမက်စ်တို့၏စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသသို့ စစ်လေယာဉ်နှင့်တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့ဟု သြစတြေးလျစစ်ဘက်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
သြစတြေးလျ အစိုးရသည် ဟားမက်စ် နှင့် အစ္စရေးကြားဖြစ်ပွားနေသည့် စစ်ပွဲ လက်ရှိထက်အရှိန်မြင့်တက်လာမည်ဆိုလျှင် ၎င်းတို့နိုင်ငံသားများကို ကူညီပေးရန်ရည်ရွယ်ပြီး အရှေ့အလယ်ပိုင်းဒေသကို စစ်လေယာဉ်နှစ်စင်းနှင့် စစ်သားများဖြန့်ကြတ်စေလွှတ်ခဲ့ကြောင်းသိရသည်။
သြစတြေးလျ အစိုးရသည် Boeing C-17 လေယာဉ်နှင့် ခရီးသည်များကိုတင် ဆောင်ပျံသန်းနိုင်သော လေယာဉ်ဆီပြန်ဖြည့်တင်းပေးနိုင်မည့်လေယာဉ်များကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်ကပြောသည်။ တပ်ဖွဲ့ဝင်များစေလွှတ်ဖြန့်ကြတ်ချထားမည်ဖြစ်သော်လည်း အရေအတွက်မည်မျှဖြန့်ကြတ်ချထားမည်ဆိုသောအချက်ကို အတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိကြောင်းသိရသည်။ ထို့ပြင် လုံခြုံရေးအခြေအနေများကြောင့် စစ်လေယာဉ်များဖြန့်ကြတ်ချထားမည် နေရာကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း အစ္စရေးနိုင်ငံတွင်ဖြန့်ကြတ်ချထားမည်မဟုတ်ကြောင်းသြစတြေးလျ စစ်ဘက်ကပြောသည်။
အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တို့စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း သြစတြေးလျအစိုးရသည် ဂါဇာဒေသရှိ သြစတြေးလျနိုင်ငံသား ၇၉ဦး၊ အနောက်ဘက်ကမ်းခြေရှိ သြစတြေးလျနိုင်ငံသား အနည်းဆုံး ၅၁ဦးကို ပြန်လည်ခေါ်ယူခဲ့ကြောင်းသိရသည်။ ဂါဇာဒေသရှိ သြစတြေးလျနိုင်ငံသားများအနေဖြင့် အီဂျစ်နှင့်နယ်စပ်ချင်းထိစပ်နေသော ရာဖယ်နယ်စပ်ဒေသသို့ ပိုမိုပြောင်းရွှေ့နေထိုင်သင့်ကြောင်း၊ အဆိုပါနယ်စပ်ဒေသသည် ဝင်ပေါက်ထွက် ပေါက် ဖြစ်နေကြောင်းသိရသည်။
သြစတြေးလျကာကွယ်ရေးဝန်ကြီးက "အရှေ့အလယ်ပိုင်းမှာနေထိုင်နေတဲ့ သြစတြေးလျ နိုင်ငံသားတွေကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီးစစ်လေယာဉ်တွေစေလွှတ်ခဲ့တာပါ"ဟု ပြောသည်။
အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ ၇ရက်ကတည်းကစတင်ပြီး လက်ရှိအချိန်အထိ စစ်ပွဲဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက်မြင့်တက်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဉ့်ကူးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းတစ်လုံးလုယက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ