စဉ့်ကူးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းတစ်လုံးလုယက်
NSS -အောက်တိုဘာ ၂၅
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းတစ်လုံး လုယက်ယူ ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁နာရီခွဲအချိန်တွင် စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗေဒါသည် ၎င်းမိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် PDFအဖွဲ့ အင်အား (၄)ဦးက ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဗေဒါ(၅၇)နှစ်တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းပိုင် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးပါ PDF အဖွဲ့မှ အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီတင်းကျွတ်ပိတ်ရက်တွင် မော်လမြိုင်-ရန်ကုန် အထူးရထား ပြေးဆွဲပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း