သီတင်းကျွတ်ပိတ်ရက်တွင် မော်လမြိုင်-ရန်ကုန် အထူးရထား ပြေးဆွဲပေးမည်
စော(NSS) - အောက်တိုဘာ ၂၅
သီတင်းကျွတ်ပိတ်ရက်တွင် မော်လမြိုင်-ရန်ကုန် အထူးရထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မော်လမြိုင်ဘူတာကြီးမှ ယနေ့(အောက်တိုဘာလ ၂၅ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာ့မီးရထားမှ လာမည့် အောက်တိုဘာလ (၂၇)ရက်မှ (၃၀)ရက်အထိ သီတင်းကျွတ်ပိတ်ရက် ကာလအတွင်း ရထားစီးခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မော်လမြိုင်-ရန်ကုန် အထူးရထားများ အစုန်/အဆန်ကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်လမြိုင် -ရန်ကုန် အထူးရထားသည် အမှတ် (၈၂)အစုန်ရထားအဖြစ် မော်လမြိုင်ဘူတာကြီးမှ နံနက် (၉)နာရီခွဲအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည(၇)နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အမှတ် (၈၂)အစုန်အထူးရထားသည် မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းခရီးစဉ်အတွက် လက်မှတ်များအား အထက်တန်းအတွက် (၃)ရက်၊ ရိုးရိုးတန်းအတွက် (၁)ရက်ကြိုတင်၍ လက်မှတ်ရုံတွင် နံနက် (၇)နာရီမှ မွန်းလွဲ (၃)နာရီအထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်မှတ်ခများအနေဖြင့် မော်လမြိုင်-ရန်ကုန်သို့ ရိုးရိုးတန်း (၃၅၅၀)ကျပ်နှင့် အထက်တန်း (၇၀၅၀)ကျပ်ဖြင့် သတ်မှတ်ထားပြီး မှတ်ပုံတင်မူရင်းပြသရမည်ဖြစ် ကြောင်း သိရသည်။
ယခင် မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော အမှတ် (၈၂)အစုန်ရထားကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားရှိစစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများနှင့် မော်တာလောင်ချာများကို တိုက်လေယာဉ်များဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့ဟု အစ္စရေးစစ်ဘက်ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း