ဆီးရီးယားရှိစစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများနှင့် မော်တာလောင်ချာများကို တိုက်လေယာဉ်များဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့ဟု အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
အစ္စရေးစစ်တပ်သည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နှင့်စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ဆီးရီးယားနိုင်ငံရှိ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများနှင့် မော်တာလောင်ချာများကို အောက်တိုဘာလ ၂၄ ရက်က လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ဆီးရီးယားနိုင်ငံဘက်ခြမ်းမှ အစ္စရေးနိုင်ငံဘက်ခြမ်းသို့ရော့ကတ်ဒုံးကျည်များ၊ လောင်ချာများဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန်မှုအဖြစ် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်ကပြောသည်။အစ္စရေးစစ်တပ်က အောက်တိုဘာလ ၂၄ ရက်တွင် ဆီးရီးယားနိုင်ငံဘက်ခြမ်းမှ ရော့ကတ်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကို အမြှောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် အစ္စရေးစစ်ဘက်သည် ဆီးရီးယားစစ်တပ်ပိုင်ဆိုင်သော မော်တာလောင်ချာများနှင့် စစ်ဘက်ဆိုင်ရာအခြေ ခံအဆောက်အဦးများကိုလည်းတိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အစ္စရေးစစ်ဘက်သည် တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အခြေအနေများကို ထပ်မံဖော်ပြခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ အစ္စရေးနှင့်ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ နှင့် ဆီးရီးယားအခြေစိုက်လက်နက်ကိုင်အဖွဲ့များသည် အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များဖြင့် ပစ်ခတ်မှုများရှိနေခဲ့ကြောင်းသိရသည်။ ဟစ်ဘိုလာနှင့် ဆီးရီးယားနိုင်ငံတို့၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ပွဲ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြောင်းသိရသည်။
အစ္စရေးသည် ဂါဇာဒေသကိုမြေပြင်ထိုးစစ်ဆင်နွဲရန် စီစဉ်ထားရာ အီရန်အပါအဝင်ဒေသတွင်း နိုင်ငံများက မြေပြင်ထိုးစစ်ဆင်နွှဲခြင်းမလုပ်ဆောင်ရန် သတိပေးထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
New International Land-Sea Trade Corridor တစ်လျှောက် ကုန်သွယ်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ