Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားရန် နစကဥက္ကဋ္ဌတိုက်တွန်း

Pearl (NSS) - အောက်တိုဘာ ၂၅

နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွားရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။


၎င်းက  အောက်တိုဘာလ(၂၄)တွင် နေပြည်တော်၌ ကျင်းပသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါအခမ်းအနား၌ နစကဥက္ကဋ္ဌက မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများမှတွေ့ရသည့် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အထောက်အထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ခေတ်ပြိုင်မှတ်တမ်းများ အရ မြန်မာလူမျိုးများသည် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာတရားဆိုင်ရာအဆုံးအမများ၊ ယဉ်ကျေးမှုထုံးဓလေ့များ၊ အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ်ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်ခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာတွေ့ရှိရသည်ဟု ပြောသည်။ 

မိမိတို့၏ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက အမျိုးသားရေးအားမာန်များ ခန်းခြောက်လာမည်ဖြစ်ပြီး ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားထားသည်။ 

ထို့ပြင် မြန်မာတို့၏ အစဉ်အလာများနှင့် အမျိုးဂုဏ်ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဂုဏ်သိက္ခာရှိရှိရပ် တည်နိုင်ရေးအတွက် အမျိုးသားရေး အသိ ၊ အမျိုးသားရေးသတိမြဲမြံစွာဖြင့် အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းရန်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ 

အလားတူ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာမှုအန္တရာယ်ကို ခုခံကာကွယ်ရန် နှင့် ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့် ကမ်းအမွေဆက်ခံမည့် မျိုးဆက်သစ်လူငယ်များ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားခိုင်မာစေရန် အပါအဝင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက်ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရေးအတွက် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန် ၎င်းက တိုက်တွန်းမေတ္တာရပ်ခံထားသည်။ 

နိုင်ငံတိုင်း၌ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများနှင့် အနှစ်သာရများ ပျောက်ကွယ်သွားခြင်းမရှိရန်  နှင့် အမျိုးသားရေးစိတ်ဓာတ်ခိုင်မြဲရန်ထိန်းသိမ်းလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံနှင့်လူမျိုးတို့၏ ကောင်းမြတ်သည့်ဂုဏ်ဒြပ်နှင့်အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကိုတည်တံ့စေရန် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးများကို နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးနှင့်ဟားမက်စ်တို့၏စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသသို့ စစ်လေယာဉ်နှင့်တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့ဟု သြစတြေးလျစစ်ဘက်ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved