နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအတွက် အွန်လိုင်းစနစ် ပြန်လည်ဖွင့်လှစ်ချိန်တွင် အဖွဲ့လိုက်ပူးတွဲလျှောက်ထားခဲ့သူများအနက် ရက်ချိန်းမရရှိသေးသူများကို ဦးစားပေးဆောင်ရွက်ပေးမည်
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၇
နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအတွက် Online Appointment System စနစ်ကို စတင်ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ပထမဦးစွာ အဖွဲ့လိုက်ပူးတွဲလျှောက်ထားခဲ့သူများအနက် အဖွဲ့ဝင်တစ်ဦးဦး၏ ငွေပေးချေမှု ကျန်ရှိခဲ့သည့်အတွက် ရက်ချိန်းမရရှိသေးသူများကို ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အလားတူ မကြာမီ ရက်ချိန်းအသစ် လျှောက်ထားသူများအတွက် စနစ်ကို ဆက်လက်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် Online Appointment System ဖြင့် ရက်ချိန်းယူခြင်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄)ရက်တွင် စတင်စမ်းသပ်အသုံးပြုခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူ (၈၅၂၉)ဦးမှ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးချေလျှောက်ထားခဲ့ရာ ရက်ချိန်းများရရှိခဲ့ကာ စမ်းသပ်ဆောင်ရွက်မှု အဆင်ပြေခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် အချို့သောလျှောက်ထားသူများသည် ငွေပေးချေပြီးသော်လည်း ရရှိမည့်ရက်ချိန်းအ တွက် နေ့စွဲနှင့်အချိန်ကိုလျှောက်ထားသူထံ အကြောင်းပြန်ကြားမှုများကို စနစ်မှ ထုတ်မပေးသည့်အတွက် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါစနစ်အား ပြင်ဆင်ရန်အတွက် ရက်ချိန်းအသစ်လျှောက်ထားခြင်းအား ဖေဖော်ဝါရီလ (၂၅)ရက်တွင် ပြုပြင်မှုများပြုလုပ်ပြီး ရက်ချိန်းအသစ်လျှောက်ခြင်းကို ဖေဖော်ဝါရီလ(၂၆)ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားခဲ့သည်။
သို့ရာတွင် လက်ရှိအချိန်ထိ Online Appointment System စနစ်အား ပြင်ဆင်မှုများ ဆက်လက်လုပ် ဆောင် နေဆဲဖြစ်သည့်အတွက် ဝန်ဆောင်မှု ပြန်လည်စတင်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈအတြက္ အြန္လိုင္းစနစ္ ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ အဖြဲ႕လိုက္ပူးတြဲေလွ်ာက္ထားခဲ့သူမ်ားအနက္ ရက္ခ်ိန္းမရရွိေသးသူမ်ားကို ဦးစားေပးေဆာင္႐ြက္ေပးမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၇
ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈအတြက္ Online Appointment System စနစ္ကို စတင္ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္သည့္အတြက္ ပထမဦးစြာ အဖြဲ႕လိုက္ပူးတြဲေလွ်ာက္ထားခဲ့သူမ်ားအနက္ အဖြဲ႕ဝင္တစ္ဦးဦး၏ ေငြေပးေခ်မႈ က်န္ရွိခဲ့သည့္အတြက္ ရက္ခ်ိန္းမရရွိေသးသူမ်ားကို ဦးစားေပးေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕မွ ယေန႔(ေဖေဖာ္ဝါရီလ ၂၇ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အလားတူ မၾကာမီ ရက္ခ်ိန္းအသစ္ ေလွ်ာက္ထားသူမ်ားအတြက္ စနစ္ကို ဆက္လက္ဖြင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားရန္ Online Appointment System ျဖင့္ ရက္ခ်ိန္းယူျခင္းအား ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၄)ရက္တြင္ စတင္စမ္းသပ္အသုံးျပဳခဲ့သည္။
ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ ေလွ်ာက္ထားသူ (၈၅၂၉)ဦးမွ ကိုယ္ေရးအခ်က္အလက္မ်ားျဖည့္သြင္းၿပီး အြန္လိုင္းေငြေပးေခ်မႈစနစ္ျဖင့္ ေပးေခ်ေလွ်ာက္ထားခဲ့ရာ ရက္ခ်ိန္းမ်ားရရွိခဲ့ကာ စမ္းသပ္ေဆာင္႐ြက္မႈ အဆင္ေျပခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ လက္ရွိတြင္ အခ်ိဳ႕ေသာေလွ်ာက္ထားသူမ်ားသည္ ေငြေပးေခ်ၿပီးေသာ္လည္း ရရွိမည့္ရက္ခ်ိန္းအ တြက္ ေန႔စြဲႏွင့္အခ်ိန္ကိုေလွ်ာက္ထားသူထံ အေၾကာင္းျပန္ၾကားမႈမ်ားကို စနစ္မွ ထုတ္မေပးသည့္အတြက္ အခက္အခဲမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါစနစ္အား ျပင္ဆင္ရန္အတြက္ ရက္ခ်ိန္းအသစ္ေလွ်ာက္ထားျခင္းအား ေဖေဖာ္ဝါရီလ (၂၅)ရက္တြင္ ျပဳျပင္မႈမ်ားျပဳလုပ္ၿပီး ရက္ခ်ိန္းအသစ္ေလွ်ာက္ျခင္းကို ေဖေဖာ္ဝါရီလ(၂၆)ရက္တြင္ ျပန္လည္ဖြင့္လွစ္မည္ဟု ေၾကညာထားခဲ့သည္။
သို႔ရာတြင္ လက္ရွိအခ်ိန္ထိ Online Appointment System စနစ္အား ျပင္ဆင္မႈမ်ား ဆက္လက္လုပ္ ေဆာင္ ေနဆဲျဖစ္သည့္အတြက္ ဝန္ေဆာင္မႈ ျပန္လည္စတင္ဖြင့္လွစ္မည့္အခ်ိန္ကို ထပ္မံေၾကညာသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စကားများရန်ဖြစ်ပြီးနောက် အမျိုးသားအိပ်ပျော်နေစဉ် ၎င်း၏ဇနီးဖြစ်သူက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ