စကားများရန်ဖြစ်ပြီးနောက် အမျိုးသားအိပ်ပျော်နေစဉ် ၎င်း၏ဇနီးဖြစ်သူက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
Pearl (NP News) - ဖေဖော်ဝါရီ ၂၇
မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် စကားများရန်ဖြစ်ပြီးနောက် အမျိုးသားအိပ်ပျော်နေစဉ် ၎င်း၏ဇနီးဖြစ်သူက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မနောဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၆)ရက်၊ ည (၁၂)အချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ မြင်သာကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ လင်မယား(၂)ဦး စကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူမှာ နေအိမ်၌ အိပ်ပျော်သွားစဉ် ၎င်း၏ ဇနီးဖြစ်သူမှ လည်ပင်အားဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။
"မနေ့ကညက ယောက်ျားဖြစ်သူက အရက်သောက်ထားတယ်။ ပြီးတော့ လင်မယား(၂)ယောက် စကားများပြီးရန်ဖြစ်တယ်။ သည်းမခံနိုင်တဲ့အဆုံး အမျိုးသမီးက သူ့ယောက်ျားအိပ်နေတုန်း လည်ပင်းကို ဓားနဲ့ ခုတ်သတ်လိုက်တာ။ ဖြစ်တာကတော့ ည (၁၂)နာရီဝန်းကျင်လောက်ကပါ၊ ကျွန်တော်တို့ကို အကြောင်း ကြားတာကတော့ ဒီမနက်(၈)နာရီလောက်ကပါ" ဟု မနောဖြူလူမှု ကူညီရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးက NP News ကို ဖေဖော်ဝါရီလ ၂၇ ရက်က အတည်ပြုပြောဆိုထားသည်။
ထို့ကြောင့် အမျိုးသားတွင် လည်းပင်ပြတ်ရှဒဏ်ရာ(၂)ချက်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ၎င်း၏ အမျိုးသမီးဖြစ်သူသည် အသက်(၂၅)နှစ်ဝန်းကျင်ရှိပြီး သားသမီး (၂)ဦး ရှိကြောင်းလည်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
zawgyi version
စကားမ်ားရန္ျဖစ္ၿပီးေနာက္ အမ်ိဳးသားအိပ္ေပ်ာ္ေနစဥ္ ၎၏ဇနီးျဖစ္သူက ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၇
မေကြးတိုင္း၊ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ စကားမ်ားရန္ျဖစ္ၿပီးေနာက္ အမ်ိဳးသားအိပ္ေပ်ာ္ေနစဥ္ ၎၏ဇနီးျဖစ္သူက ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း မေနာျဖဴလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၂၆)ရက္၊ ည (၁၂)အခ်ိန္ခန႔္တြင္ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ျမင္သာေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ လင္မယား(၂)ဦး စကားမ်ားရန္ျဖစ္ၿပီးေနာက္ အမ်ိဳးသားျဖစ္သူမွာ ေနအိမ္၌ အိပ္ေပ်ာ္သြားစဥ္ ၎၏ ဇနီးျဖစ္သူမွ လည္ပင္အားဓားျဖင့္ခုတ္သတ္ခဲ့ေၾကာင္း သိရသည္။
"မေန႔ကညက ေယာက္်ားျဖစ္သူက အရက္ေသာက္ထားတယ္။ ၿပီးေတာ့ လင္မယား(၂)ေယာက္ စကားမ်ားၿပီးရန္ျဖစ္တယ္။ သည္းမခံႏိုင္တဲ့အဆုံး အမ်ိဳးသမီးက သူ႔ေယာက္်ားအိပ္ေနတုန္း လည္ပင္းကို ဓားနဲ႔ ခုတ္သတ္လိုက္တာ။ ျဖစ္တာကေတာ့ ည (၁၂)နာရီဝန္းက်င္ေလာက္ကပါ၊ ကြၽန္ေတာ္တို႔ကို အေၾကာင္း ၾကားတာကေတာ့ ဒီမနက္(၈)နာရီေလာက္ကပါ" ဟု မေနာျဖဴလူမႈ ကူညီေရးအသင္း၏ တာဝန္ရွိသူ တစ္ဦးက NP News ကို ေဖေဖာ္ဝါရီလ ၂၇ ရက္က အတည္ျပဳေျပာဆိုထားသည္။
ထို႔ေၾကာင့္ အမ်ိဳးသားတြင္ လည္းပင္ျပတ္ရွဒဏ္ရာ(၂)ခ်က္ရရွိၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူႏွင့္ ၎၏ အမ်ိဳးသမီးျဖစ္သူသည္ အသက္(၂၅)ႏွစ္ဝန္းက်င္ရွိၿပီး သားသမီး (၂)ဦး ရွိေၾကာင္းလည္း လူမႈကူညီေရးအသင္းထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေလီနယ်စပ်ဂိတ်မှ တစ်ရက်လျှင် အများဆုံးခရီးသည် (၃၅ဝဝ)ကျော် အဝင်အထွက်ရှိနေပြီး ခရီးသည်ဝင်၊ ထွက်မှု ဆက်တိုက်မြင့်တက်နေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း