ရွှေလီနယ်စပ်ဂိတ်မှ တစ်ရက်လျှင် အများဆုံးခရီးသည် (၃၅ဝဝ)ကျော် အဝင်အထွက်ရှိနေပြီး ခရီးသည်ဝင်၊ ထွက်မှု ဆက်တိုက်မြင့်တက်နေဟုဆို
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၇
တရုတ်- မြန်မာ နယ်စပ်ရှိ ရွှေလီနယ်စပ်ဂိတ်မှ ခရီးသည် ဝင်၊ ထွက်မှု ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်သံရုံးက ဖေဖော်ဝါရီလ(၂၇)ရက်၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရွှေလီနယ်စပ်ဂိတ် စတင်ဖွင့်လှစ်ခဲ့သည့် ဇန်နဝါရီလ(၂၅)ရက်မှစတင်ပြီး ခရီးသည်ဝင်၊ ထွက် သွားလာမှုများ ပြန်လည်စတင်ခဲ့ကာ ပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်စပ်ဂိတ်တွင် တစ်ရက်အတွင်း အဝင်အထွက် ခရီးသည် အများဆုံး (၃၅ဝ၃)ဦးရှိပြီး ခရီးသည်စုစုပေါင်း (၆ဝဝဝဝ)ကျော် အဝင်အထွက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နယ်စပ်ဂိတ်ဖြတ်ကျော်မှု ပြုလုပ်ရာတွင် (၄၈)နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါပိုး မရှိကြောင်း စစ်ဆေးမှုရလဒ်နှင့် ပြည်ဝင်ပြည်ထွက်လက်မှတ်ကိုင်ဆောင်ထားရန်သာ လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ တရုတ်နိုင်ငံ ကျယ်ခေါင်မြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့တို့ကို ဆက်သွယ်ထားသည့် ဂိတ်ပေါက်ဖြစ်သည့် မန့်ဝိန်းဂိတ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ(၁၄)ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ခရီးသည် အဝင်အထွက် မြင့်တက်လျက်ရှိကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် မြန်မာ-တရုတ်နယ်စပ်ရှိ ဆင်ဖြူဂိတ်ကိုလည်း ဇန်နဝါရီလ ၁၄ ရက်တွင် နှစ်ဖက်အစိုးရများက ထပ်မံ ဖွင့်လှစ်ပေးခဲ့သည်။
zawgyi version
ေ႐ႊလီနယ္စပ္ဂိတ္မွ တစ္ရက္လွ်င္ အမ်ားဆုံးခရီးသည္ (၃၅ဝဝ)ေက်ာ္ အဝင္အထြက္ရွိေနၿပီး ခရီးသည္ဝင္၊ ထြက္မႈ ဆက္တိုက္ျမင့္တက္ေနဟုဆို
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၇
တ႐ုတ္- ျမန္မာ နယ္စပ္ရွိ ေ႐ႊလီနယ္စပ္ဂိတ္မွ ခရီးသည္ ဝင္၊ ထြက္မႈ ဆက္တိုက္ျမင့္တက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ထုတ္ျပန္ထားသည္။
တ႐ုတ္သံ႐ုံးက ေဖေဖာ္ဝါရီလ(၂၇)ရက္၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ေ႐ႊလီနယ္စပ္ဂိတ္ စတင္ဖြင့္လွစ္ခဲ့သည့္ ဇန္နဝါရီလ(၂၅)ရက္မွစတင္ၿပီး ခရီးသည္ဝင္၊ ထြက္ သြားလာမႈမ်ား ျပန္လည္စတင္ခဲ့ကာ ျပည္ဝင္ျပည္ထြက္ ခရီးသည္အေရအတြက္ ဆက္တိုက္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ နယ္စပ္ဂိတ္တြင္ တစ္ရက္အတြင္း အဝင္အထြက္ ခရီးသည္ အမ်ားဆုံး (၃၅ဝ၃)ဦးရွိၿပီး ခရီးသည္စုစုေပါင္း (၆ဝဝဝဝ)ေက်ာ္ အဝင္အထြက္ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ နယ္စပ္ဂိတ္ျဖတ္ေက်ာ္မႈ ျပဳလုပ္ရာတြင္ (၄၈)နာရီအတြင္း စစ္ေဆးထားေသာ ကိုဗစ္-၁၉ ေရာဂါပိုး မရွိေၾကာင္း စစ္ေဆးမႈရလဒ္ႏွင့္ ျပည္ဝင္ျပည္ထြက္လက္မွတ္ကိုင္ေဆာင္ထားရန္သာ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ တ႐ုတ္ႏိုင္ငံ က်ယ္ေခါင္ၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕တို႔ကို ဆက္သြယ္ထားသည့္ ဂိတ္ေပါက္ျဖစ္သည့္ မန႔္ဝိန္းဂိတ္ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၄)ရက္တြင္ ဖြင့္လွစ္ေပးခဲ့ၿပီး ခရီးသည္ အဝင္အထြက္ ျမင့္တက္လ်က္ရွိေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ျမန္မာ-တ႐ုတ္နယ္စပ္ရွိ ဆင္ျဖဴဂိတ္ကိုလည္း ဇန္နဝါရီလ ၁၄ ရက္တြင္ ႏွစ္ဖက္အစိုးရမ်ားက ထပ္မံ ဖြင့္လွစ္ေပးခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် သတိလစ်နေသည့် အမျိုးသမီးတို့ကို စမ်းချောင်းမြို့နယ်ရှိ (၆)လွှာတိုက်ခန်းအတွင်း တွေ့ရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း