Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် သတိလစ်နေသည့် အမျိုးသမီးတို့ကို စမ်းချောင်းမြို့နယ်ရှိ (၆)လွှာတိုက်ခန်းအတွင်း တွေ့ရှိ

NP News - ဖေဖော်ဝါရီ ၂၇

ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှင့် သတိလစ်နေသည့် အမျိုးသမီးတို့ကို စမ်းချောင်းမြို့နယ်ရှိ (၆)လွှာတိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်အား ဖေဖော်ဝါရီလ ၂၆ ရက်၊ ည ၁၁ နာရီကျော်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်းပေါ်ရှိ (၆)လွှာတိုက်ခန်းတစ်ခုအတွင်း တွေ့ရှိခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

“အဲဒီအခန်းထဲမှာ ရန်ဖြစ်တဲ့ အသံတွေလည်းကြားရတယ်။ ကယ်ပါကူပါဆိုပြီးတော့ အော်သံတွေလည်း ကြားရတယ်။ အဲဒါနဲ့ သက်ဆိုင်ရာကို ဖုန်းဆက်ပြီး အခန်းကို ဝင်ကြည့်တဲ့အခါမှာ အမျိုးသားတစ်ဦးက ဓါးဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ရတာပေါ့။ အမျိုးသမီးကတော့ အသက်တော့ ရှိသေးတယ်။ ဒါပေမယ့် သတိလစ်နေတာကို တွေ့ရတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

၎င်းအခန်းအတွင်း၌ သေဆုံးနေသည့် အမျိုးသားတစ်ဦးမှာ ဓါတ်ပုံဆရာတစ်ဦးဖြစ်ကြောင်းကြားသိရပြီး ၎င်းမှာ လည်ပင်း၊ ဝမ်းဗိုက်၊ လက်နှင့် ပေါင်တို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် အခန်းအတွင်း သိလစ်နေသည့် အမျိုးသမီးတစ်ဦးမှာ အသက်(၁၉)နှစ်အရွယ်ခန့်သာ ရှိသေးကြောင်း ကြားသိရပြီး သူမသည်လည်း ဝမ်းဗိုက်၊ ပေါင်နှင့် လက်တို့တွင်လည်း ဒဏ်ရာများဖြင့် သတိလစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။

“ဘယ်လိုတွေ ဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သက်ဆိုင်ရာရဲတွေကတော့ စုံစမ်းစစ်ဆေးနေတာ တွေ့ရတယ်” ဟု အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က ဆိုသည်။

ထိုသို့ အခင်းဖြစ်ပွားပြီးနောက် လူမှုကူညီရေးအသင်းမှ ကားများရောက်ရှိလာကာ အထက်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကြားသိရသည်။

zawgyi version


NP News - ဖေဖော်ဝါရီ ၂၇








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခိုလှုံခွင့်အပေါ် အိမ်ဖြူတော် ကတိမတည်ဘဲ အမေရိကန်-မက္ကဆီကိုနယ်စပ် လူဝင်မှုကို ပိတ်ပင်နေ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved