စင်ကာပူက တရုတ်နိုင်ငံမှ မယ်လမင်းပါဝင်နိုင်ခြေရှိတဲ့ ဖော်မြူလာနို့ အပါအဝင် နို့နဲ့ နို့ထွက်ပစ္စည်းတင်ပို့မှုတွေကို ဖယ်ရှားမည်
ရောင်နီ(NSS) - အောက်တိုဘာ ၂၅
စင်္ကာပူဟာ တရုတ်နိုင်ငံမှ တင်သွင်းတဲ့ကုန်ပစ္စည်းတွေမှာ မယ်လမင်းဓာတ် ပါဝင်ခြေရှိတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို နိုဝင်ဘာ ၁ ရက်မှစ ဖယ်ရှားသွားမယ်လို့ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) မှ တနင်္လာနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံမှာ ၂ဝဝ၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ ဖော်မြူလာနို့ ထုတ်ကုန်တွေမှာ ပလက်စတစ်တွေနဲ့ လူသေကောင်တွေမှာ မပုပ်သိုးအောင် အသုံးပြုတဲ့ ဖော်မလင် ပါဝင်မှုတွေ တွေ့ရှိလာရတာဖြစ်ပါတယ်။ အဲဒီအချိန်ကစ တရုတ်နိုင်ငံရဲ့ နို့ထွက်ပစ္စည်းထုတ်ကုန်တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်တွေအတွက် အစီအမံအမျိုးမျိုး အကောင်အထည်ဖော်ခဲ့ပြီး ပိုမိုတင်းကျပ်တဲ့ ထုတ်လုပ်မှုလိုင်စင်၊ စစ်ဆေးခြင်း၊ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနဲ့ နို့ထွက်ပစ္စည်း အစားအစာကွင်းဆက်တစ်လျှောက် မယ်လမင်းပါတဲ့ ထုတ်ကုန်တွေအတွက် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ SFA က ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။
အဆိုပါအစီအမံတွေဟာ နို့စားနွား မွေးမြူခြင်း၊ လတ်ဆတ်တဲ့ နို့စိမ်းဝယ်ယူခြင်း၊ နို့စိမ်းများ ပို့ဆောင်ခြင်းတို့အတွက် အကျုံးဝင်တယ်လို့ SFA က ဆိုပါတယ်။
လက်ရှိ SFA စည်းမျဉ်းအရ နို့၊ နို့ထွက်ပစ္စည်းတွေနဲ့ တရုတ်နိုင်ငံမှ နို့ပါဝင်တဲ့ ထုတ်ကုန်တွေကို တရုတ်အာဏာပိုင်တွေရဲ့ ခွင့်ပြုရရှိထားတဲ့ စက်ရုံတွေကနေသာ တင်သွင်းမှာဖြစ်ပြီး ဒီကုန်ပစ္စည်းတွေဟာလည်း မယ်လမင်း ညစ်ညမ်းမှုမရှိတာ သေချာစေဖို့ ၎င်းတို့ရဲ့ကုန်ကြမ်းတွေကို စမ်းသပ်ဖို့ လိုအပ်တယ်လို့ SFA က ဆိုပါတယ်။
ဒါ့အပြင် မယ်လမင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိတဲ့ သွင်းကုန်တွေကို နိုဝင်ဘာ ၁ ရက်မှ ဖယ်ရှားမှာဖြစ်ပြီး၊ နို့အရည်၊ နို့မှုန့်၊ ဒိန်ခဲ၊ ထောပတ်၊ ရေခဲမုန့်နဲ့ ဒိန်ချဉ် အပါအဝင် တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို SFA စစ်ဆေးမှု ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BLACKPINK အဖွဲ့ဝင် ဂျီဆိုး နဲ့ သရုပ်ဆောင် အာဘိုဟွန်းတို့ လမ်းခွဲ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ