ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာ-တရုတ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ရန် နှစ်နိုင်ငံဆွေးနွေး
Pearl (NSS) - အောက်တိုဘာ ၂၄
ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာ - တရုတ် အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် တို့ အောက်တိုဘာလ (၂၃)ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘက်စုံမဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး အပါအဝင် ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင် ရွက်ရေး မူဘောင်အောက်မှ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းမှုအပေါ်အခြေခံ၍ အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် နှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်ပေးမည့်ကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေသက်တမ်းကို တစ်နှစ်ထပ်မံတိုးမြှင့်ပေးရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ